စစ်ကောင်စီ ဒရုန်းကြောင့် PDF တစ်ဦး အပါအဝင် အရပ်သားများ ထိခိုက်သေဆုံး

စစ်ကောင်စီ ဒရုန်းကြောင့် PDF တစ်ဦး အပါအဝင် အရပ်သားများ ထိခိုက်သေဆုံး

ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့မှုများကြောင့် PDF တစ်ဦး၊ ရွာသားတစ်ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

ပုလောမြို့နယ်ထဲက ရှပ်ပုံကျေးရွာအုပ်စု အတွင်းရှိ ဆီတောင်ကျေးရွာဘက်သို့ ဇူလိုင်လ ၁၄ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် ဝါးတန်းရပ်ကွက်ကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူ တစ်ဦးက “ဆီတောင်ရွာဘက်ကို ဒရုန်းနဲ့ ဗုံးသီးချ လိုက်လို့ အဖွားတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်။ စစ်ကောင်စီက ညနေ ၅ နာရီလောက်မှာ ရှပ်ပုံ ဝါးတန်းကို လက်နက်ကြီး နှစ်လုံးပစ်လိုက်တာ ယောက်ကျားလေး တစ်ယောက် သေဆုံးပြီး မိန်းကလေး နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့သေးတယ်” ဟု ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုအတွင်းရှိ အထဲစုရပ်ကွက်မှ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကာ ပုလော ဆေးရုံ၌ တင်ထားရသည်ဟု ရွာသားတစ်ဦးက ပြောသည်။

အလားတူ ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများထဲ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) က PDF တပ်ဖွဲ့ဝင်တစ်ဦး ဗုံးသီး ထိမှန်ပြီး သေဆုံးခဲ့သည်။

ရှပ်ပုံကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့မှ အင်အား ဖြည့်တင်းထားသည့်အပြင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ဘက်မှလည်း အသင့်ပြင်ဆင်ထားသဖြင့် နှစ်ဘက်ကြား စစ်ရေးတင်းမာနေသည့် အခြေအနေတွင်ရှိသည်ဟု ရွာသားများက ဆိုသည်။

ရှပ်ပုံကျေးရွာ အနီးဝန်းကျင်တွင် စစ်ကောင်စီ စစ်ကြောင်းရှိနေကာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ရွာသားအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အနည်းငယ်သာ ကျေးရွာ၌ ကျန်ရှိနေသည်။

ထွက်ပြေး တိမ်းရှောင်နေရသည့် ရွာသားများမှာ လတ်တလောတွင် အစားအသောက်၊ ဆေးဝါးများနှင့် အမိုးအကာများလည်း လိုအပ်ကြသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

ရှပ်ပုံကျေးရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားလာချိန်၌ ရွာသားများမှာ ဘေးလွှတ်ရာသို့ တိမ်းရှောင် လေ့ရှိကြပြီး တိုက်ပွဲများ ငြိမ်သက်သွားမှသာ ကျေးရွာအတွင်း ပြန်လာ နေထိုင်လေ့ရှိကြကြောင်း ဆိုကြသည်။

August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...
August 29, 2026
ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့အနီးသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး...
ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF
August 28, 2026
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က တနင်္သာရီမြစ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာ...
မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...