မတူပီမြို့နယ်မှာ MRO/CDF – Matupi တပ်ဖွဲ့က စစ်ကြောင်းထိုးလာတာမျိုးရှိတယ်လို့ CDF – Matupi ဘက်ကပြော

မတူပီမြို့နယ်မှာ MRO/CDF – Matupi တပ်ဖွဲ့က စစ်ကြောင်းထိုးလာတာမျိုးရှိတယ်လို့ CDF – Matupi ဘက်ကပြော

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်မှာ Chinland Council လက်အောက်ခံ CDF – Matupi တပ်ရင်း ၃ နယ်မြေကို ချင်းညီနောင်အဖွဲ့(CB)အဖွဲ့ဝင် မတူပီတော်လှန်ရေးအဖွဲ့ချုပ် ( MRO/CDF – Matupi ) က စစ်ကြောင်းထိုးလာတာမျိုးရှိတယ်လို့ Chinland Defense Force (CDF – Matupi ) ပြောရေးဆိုခွင့်ရှိသူ Ko Nai John Kim က ပြောပါတယ်။

CDF – Matupi ပြောရေးဆိုခွင့်ရှိသူ Ko Nai John Kim က “ထိတွေ့မှုတော့မရှိဘူး။ စစ်ကြောင်းလာထိုးတာ ဖြစ်တယ်။ နောက်ပြီး သူတို့ဘက်က ဖမ်းထားတာမျိုးရှိတယ်။ ၅ ဦးလားမသိဘူး။ ကောင်းကောင်းလေးတော့ မမေးရသေးဘူး။ ပစ်ခတ်မှုတော့မရှိဘူး။ ကျနော်တို့အောက်ခြေမှာ တွေ့ဆုံဆွေးနွေးတာတွေ လုပ်နေတဲ့ အခြေအနေဖြစ်တယ်” လို့ ပြောပါတယ်။

ဇွန်လ ၆ ရက်နေ့က ချင်းအမျိုးသားတပ်ဦး( CNF/ CNA) အဖွဲ့က တပ်ရင်း ၃ နယ်မြေကို ခဏတာ စခန်းစွန့်ချိန် MRO/CDF – Matupi ဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ သတင်းတချို့မှာ ဖော်ပြပေမယ့် Chin World Media အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သလို MRO /CDF – Matupi ဘက်ကိုလည်း ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

MRO/CDF – Matupi ဟာ ချင်းညီနောင်အဖွဲ့ ( CB) အဖွဲ့ဝင်ဖြစ်ပြီး Chinland Defense Force (CDF – Matupi) ကတော့ Chinland Council အဖွဲ့ဝင်ဖြစ်ပါတယ်။

မတူပီမြို့ကို MRO/CDF – Matupi ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့ ( CB) အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့နယ်မှာလည်း ဇူလိုင်လကစပြီး ဒေသခံ ချင်းလက်နက်အဖွဲ့ အချင်းအချင်းကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာကြောင့် ချင်းလက်နက်ကိုင် အဖွဲ့အချင်းချင်းကြား ပဋိပက္ခပိုကြီးထွားလာမှာကို ချင်းလူမျိုးတွေက စိုးရိမ်နေကြပါတယ်။

Photo By CJ
June 2, 2026
မင်းတပ်မြို့အောက်ဘက် ၁၀ မိုင်ဝန်းကျင်ခန့်အကွာ ချင်းပြည်နယ်အတွင်းရှိ ထင်ချောင်းရွာထဲသို့ မေလ ၃၀...
June 1, 2026
ကလေးမြို့နယ် ပညာရေးမှူးရုံးမှာ ကျောင်းပညာရေး ပြတ်တောက်သွားခဲ့တဲ့ အသက် ၁၅ နှစ်အောက် ကလေးများ...
May 30, 2026
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်မှာ လူမရှိနေအိမ်တွေကို မသမာသူလူတစ်စုက...
May 29, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှာ ယာယီဖွင့်လှစ်ထားရတဲ့...