ပူတာအို နမ့်ထွမ်ချောင်းမှာ အမျိုးသမီးနှစ်ဦး ရေနစ်သေဆုံး၊ တစ်ဦး ရုပ်အလောင်းပြန်တွေ့

ပူတာအို နမ့်ထွမ်ချောင်းမှာ အမျိုးသမီးနှစ်ဦး ရေနစ်သေဆုံး၊ တစ်ဦး ရုပ်အလောင်းပြန်တွေ့

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ နမ့်ထွမ်ချောင်းမှာ အမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီး တစ်ဦး ရုပ်အလောင်းပြန်တွေ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ရေနစ်သေဆုံးတဲ့ အမျိုးသမီးနှစ်ဦးဟာ ပူတာအိုမြို့နယ်၊ နာမ်ထူခူးကျေးရွာထဲကဖြစ်ပြီး ဇူလိုင်လ  ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ အခင်းကနေ နေအိမ်ပြန်လာတဲ့လမ်းရှိ နမ့်ထွမ်ချောင်းဖြတ်ကူးစဉ် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

“ပြန်လာတာက သုံးယောက်တဲ့ ယောက်ကျားလေးတစ်ယောက်နဲ့ အဲ့မိန်းကလေးနှစ်ယောက်ပေါ့။ 

ယောက်ကျားလေးက ရှေ့ကနေ ဦးဆောင်ပြီး ချောင်းကူးတာ။ အဲ့မှာ တွဲထားတဲ့လက်က ပြုတ်သွားတာ ရေစီးသန်တော့ လက်တွဲပြုတ်သွားတော့ နှစ်ယောက်စလုံး ရေနစ်သွားတာ” လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသမီးက ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့အမျိုးသမီးနှစ်ဦးက နာမ်ထူခူးရွာခံ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ 

အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးတို့ဖြစ်ပြီး မြေအဖွားတော်စပ်သူတွေဖြစ်ကြောင်း သိရပါတယ်။

“အဖွားရဲ့ ရုပ်အလောင်းကိုတော့ မနေ့က ပြန်တွေ့တယ်။ ရွာသားတွေရှာတော့ ပြန်တွေ့တာ ကလေးမရဲ့ ရုပ်အလောင်းကတော့ ပြန်မတွေ့သေးဘူးပြောတယ်” လို့ ဖြစ်စဉ်သိတဲ့ အထက်ဖော်ပြပါ အမျိုးသမီးက ဆက်ပြောပါတယ်။

နာမ်ထူခူးကျေးရွာဟာ ပူတာအိုမြို့ရဲ့တောင်ဘက် မြို့နဲ့ ၁၀ မိုင်ကျော်အကွာမှာ တည်ရှိတာဖြစ်ပါတယ်။

ပူတာအိုမှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းကနေ မိုးတွေအဆက်မပြတ် ရွာသွန်းနေတာကြောင့် လက်ရှိ နမ့်ထွမ်ချောင်း ရေကြီးရေလျှံနေတဲ့အပြင် နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံပါ ရေကြီးမှုကြောင့် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

နာမ့်ထွမ်ချောင်းရေကြီးပြီး ရေအားလျှပ်စစ်စက်ရုံ စက်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှု ဖြစ်သွားတာကြောင့် ပူတာအိုမှာ တစ်ပတ်ကျော်ကြာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၅ ရက်နေ့က အမျိုးသမီးနှစ်ဦး ရေနစ်မြှပ်မှုဖြစ်သွားတဲ့ နာမ့်ထွမ်ချောင်းမှာ ၂၀၂၄ ခုနှစ်တုန်းကလည်း 

ပူတာအိုအထက်တန်းကျောင်းက ကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ခဲ့တဲ့ချောင်းလည်း ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...