အင်းတော်ကြီးဒေသမှာ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုများနေပြီး သေဆုံးသူတွေပါ ရှိနေ

အင်းတော်ကြီးဒေသမှာ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုများနေပြီး သေဆုံးသူတွေပါ ရှိနေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ ဒီရက်ပိုင်းတွေအတွင်း ရာသီသွေးလွန်တုတ်ကွေး ဖြစ်ပွားမှု များနေပြီး သေဆုံးသူတွေပါ ရှိလာနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဒေသခံအားလုံးက တောင်သူလယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူများဖြစ်တာကြောင့် တောတောင်တွေထဲ သွားလာ အလုပ်လုပ်ကိုင်ကြရပြီး ပြီးခဲ့တဲ့လက ငှက်ဖျားအဖြစ်များခဲ့ကာ ဒီရက်ပိုင်းတွေမှာ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ဆိုကြပါတယ်။ 

“ငှက်ဖျားနဲ့ သွေးလွန်တုတ်ကွေးတွေ တအားဖြစ်နေတာ ရွာဘက်မှာ တအားကိုမှဖြစ်တာ တောထဲသွားကြတဲ့ လူတိုင်း ဖြစ်တာဆို အခုက တုတ်တွေးဖြစ်ပြန်တယ်။ ဟိုတစ်နေ့က တုတ်ကွေးဖြစ်လို့တဲ့ ကလေးတစ်ယောက်သေသွားတာ သွေးတွေအန်လို့” ဟု သေဆုံးသူမိသားစုနဲ့ နီးစပ်သူ အင်းအနောက်ကမ်းရှိ မမုန်ကိုင်ကျေးရွာသူတစ်ဦးက ပြောပြပါတယ်။

အဆိုပါ သွေးလွန်တုတ်ကွေးကြောင့် သေဆုံးသူဟာ အသက် တစ်နှစ်ခွဲသာရှိတဲ့ အမျိုးသမီးကလေးငယ်တစ်ဦးဖြစ်ပြီး သူ့အပြင် နောက်ထပ်သေဆုံးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ဒေသအတွင်းက ကျေးရွာအသီးသီးမှာ နန့်မွန်းဆေးရုံကိုသာ အားထားနေရတာဖြစ်ပြီး သို့သော် ဆေးဝါးမလုံလောက်မှုတွေနဲ့ ကျန်းမာရေးဝန်ထမ်း နည်းပါးခြင်းတွေကြောင့် ဒေသခံတွေအတွက် ခက်ခဲမှုတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

အင်းတော်ကြီးဒေသမှာ ရာသီတုတ်ကွေးရောဂါတော့ ဖြစ်ပွားလေ့ရှိပေမယ့် အခုလို ဆိုးဝါးတဲ့ သွေးလွန် သေးဆုံးမှု ဖြစ်စဉ်အထိ ဖြစ်ပွားမှုနည်းပါးခဲ့ပါတယ်။ 

ဒါ့အပြင် ငှက်ဖျားရောဂါတွေဟာလည်း ယခင်နှစ်တွေက မဖြစ်ပွားခဲ့ပေမယ့် အခုနှစ်မှာ ပြန်လည်ဖြစ်ပွား လာနေတယ်လို့ သိရပါတယ်။ 

ငှက်ဖျားက (Alopheles) အန်နိုဖီလက်လို့ခေါ်တဲ့ ခြင်မှတစ်ဆင့် ကူးစက်တာဖြစ်ကာ သွေးလွန်တုတ်ကွေးက အီတက် (Aedes) ခြင်ကနေ ကူးစက်ကြတာဖြစ်သလို ဒီရောဂါတွေဟာ မိုးရာသီမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတွေ ဖြစ်ပြီး အသက်အန္တရာယ်ရှိတဲ့ရောဂါတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...