အင်းတော်ကြီးဒေသမှာ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုများနေပြီး သေဆုံးသူတွေပါ ရှိနေ

အင်းတော်ကြီးဒေသမှာ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုများနေပြီး သေဆုံးသူတွေပါ ရှိနေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ ဒီရက်ပိုင်းတွေအတွင်း ရာသီသွေးလွန်တုတ်ကွေး ဖြစ်ပွားမှု များနေပြီး သေဆုံးသူတွေပါ ရှိလာနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဒေသခံအားလုံးက တောင်သူလယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူများဖြစ်တာကြောင့် တောတောင်တွေထဲ သွားလာ အလုပ်လုပ်ကိုင်ကြရပြီး ပြီးခဲ့တဲ့လက ငှက်ဖျားအဖြစ်များခဲ့ကာ ဒီရက်ပိုင်းတွေမှာ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ဆိုကြပါတယ်။ 

“ငှက်ဖျားနဲ့ သွေးလွန်တုတ်ကွေးတွေ တအားဖြစ်နေတာ ရွာဘက်မှာ တအားကိုမှဖြစ်တာ တောထဲသွားကြတဲ့ လူတိုင်း ဖြစ်တာဆို အခုက တုတ်တွေးဖြစ်ပြန်တယ်။ ဟိုတစ်နေ့က တုတ်ကွေးဖြစ်လို့တဲ့ ကလေးတစ်ယောက်သေသွားတာ သွေးတွေအန်လို့” ဟု သေဆုံးသူမိသားစုနဲ့ နီးစပ်သူ အင်းအနောက်ကမ်းရှိ မမုန်ကိုင်ကျေးရွာသူတစ်ဦးက ပြောပြပါတယ်။

အဆိုပါ သွေးလွန်တုတ်ကွေးကြောင့် သေဆုံးသူဟာ အသက် တစ်နှစ်ခွဲသာရှိတဲ့ အမျိုးသမီးကလေးငယ်တစ်ဦးဖြစ်ပြီး သူ့အပြင် နောက်ထပ်သေဆုံးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ဒေသအတွင်းက ကျေးရွာအသီးသီးမှာ နန့်မွန်းဆေးရုံကိုသာ အားထားနေရတာဖြစ်ပြီး သို့သော် ဆေးဝါးမလုံလောက်မှုတွေနဲ့ ကျန်းမာရေးဝန်ထမ်း နည်းပါးခြင်းတွေကြောင့် ဒေသခံတွေအတွက် ခက်ခဲမှုတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

အင်းတော်ကြီးဒေသမှာ ရာသီတုတ်ကွေးရောဂါတော့ ဖြစ်ပွားလေ့ရှိပေမယ့် အခုလို ဆိုးဝါးတဲ့ သွေးလွန် သေးဆုံးမှု ဖြစ်စဉ်အထိ ဖြစ်ပွားမှုနည်းပါးခဲ့ပါတယ်။ 

ဒါ့အပြင် ငှက်ဖျားရောဂါတွေဟာလည်း ယခင်နှစ်တွေက မဖြစ်ပွားခဲ့ပေမယ့် အခုနှစ်မှာ ပြန်လည်ဖြစ်ပွား လာနေတယ်လို့ သိရပါတယ်။ 

ငှက်ဖျားက (Alopheles) အန်နိုဖီလက်လို့ခေါ်တဲ့ ခြင်မှတစ်ဆင့် ကူးစက်တာဖြစ်ကာ သွေးလွန်တုတ်ကွေးက အီတက် (Aedes) ခြင်ကနေ ကူးစက်ကြတာဖြစ်သလို ဒီရောဂါတွေဟာ မိုးရာသီမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတွေ ဖြစ်ပြီး အသက်အန္တရာယ်ရှိတဲ့ရောဂါတွေ ဖြစ်ပါတယ်။

Most read this week

January 28, 2026
ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော်နေရာမှာ ကျားနီပါတီ(TNDP) မှ ကိုယ်စားလှယ်လောင်း...
January 27, 2026
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ချောင်းဝကျေးရွာမှာ မနေ့က  ဇန်နဝါရီ ၂၆ ရက် မနက်(၁)...
January 26, 2026
အင်းတော်ကြီးဒေသမှာ ယခုနှစ်အတွင်း ဆောင်းခိုငှက်နဲ့ ဒေသရင်း ရေပျော်ငှက် အကောင်ရေစုစုပေါင်း (၂၄၁၇၇...
January 24, 2026
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အရှေ့ကမ်းက ဟဲပါးကျေးရွာမှာ...