ဝေါလေဗျူဟာ၊ ထီးသဲလယ်နှင့် ဥကရိထ စခန်းကုန်းအနီး နေထိုင်သူများ စစ်ဘေးစရှောင်

ဝေါလေဗျူဟာ၊ ထီးသဲလယ်နှင့် ဥကရိထ စခန်းကုန်းအနီး နေထိုင်သူများ စစ်ဘေးစရှောင်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ကော့ကရိတ်မြို့နယ် (မြဝတီမြို့တောင်ဘက်)၊ ဝေါလေမြိုင်မြို့သစ်အနီးရှိ ဝေါလေဗျူဟာ၊ ထီးသဲလယ်နှင့် ဥကရိထ စခန်းကုန်း အနီးတဝိုက်တွင် နေထိုင်သူများ နေရပ်စွန့်ခွာ စတင်စစ်ဘေးရှောင်နေကြပြီးဟု ဝေါလေဒေသခံက ကေအိုင်စီသို့ ပြောသည်။

ဝေါလေမြိုင်မြို့သစ် အနီးရှိ ဝေါလေဗျူဟာ စစ်ကောင်စီ စခန်းကုန်း အနီးတဝိုက် နေထိုင်သူများက ဇွန်လကုန်ပိုင်းကတည်းက ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် ဒေသတွင်းရှိ တော်လှန်ရေးတပ်များက အသိပေးထားပြီး ယခု စတင်တိုက်ခိုက်ချိန်တွင် ဒေသခံအများစု စတင်စစ်ဘေးရှောင်နေခြင်း ဖြစ်သည်ဟု ဝေါလေမြိုင် မြို့သစ် ရပ်ကွက် (၁) တွင်နေထိုင်သူတစ်ဦးက ယခုလို ပြောသည်။

“ရှောင်ခိုင်းနေတာ တစ်ပတ်လောက်ရှိပီ၊ ဒီမနက် ဥကရိထဘက်ဒရုန်းကျတယ်။ တစ်ရက်နေ့က ဝါးမီးထ၊ ရွှေအေးမြိုင်ဘက်ကို ဂျက်၂ စီး ညကြီး ဗုံးကြဲတယ်။ ရွာသားနဲ့ ရပ်ကွက်ထဲနေသူတွေ လော်ခေါ်ဘက်၊ ထိုင်းဝေါလေရွာကြီးဘက် ရှောင်နေကြပီ။ ဈေးဆိုင်တချို့နဲ့ လူတချို့တော့ အိမ်စောင့်၊ ခြံစောင့် ဆက်ရှိ

နေတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီ ဝေါလေဗျူဟာကို စတင်တိုက်ခိုက်နေပြီး နှစ်ဖက် လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ကေအိုင်စီ၏ မြေပြင် စစ်ရေး သတင်းရင်းက ပြောသည်။

“စကစက စစ်ပြင်ထားတော့ စခန်းကုန်းကနေ ရွာထဲကို မထွက်လာရဲ တော့ဘူး။ ဥကရိထ၊ ဝါးမီးထ၊ ဂျပန် အိမ်ယာ၊ ရွှေအေးမြိုင်၊ ဝေါလေရပ်ကွက်အပိုင်း ၄ ခု စလုံး ကမ်းနားပိုင်းတွေ အကုန်ပြောင်းနေ ကြပြီ၊ ထိုင်းနယ်ခြားစစ်တပ်ကတော့ ကြည့်နေတယ်၊ စစ်ရှောင်သူတွေကိုတော့ စစ်ဆေးတာမျိုး၊ နေရာပေးတာမျိုး မရှိ သေးဘူး” ဟု ၎င်းက ပြောသည်။

ကေအဲန်ယူ၊ တပ်မဟာ-၆ နယ်မြေအတွင်း ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီစခန်းများကို တော်လှန်ရေး

မဟာမိတ်တပ်များ စစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေပြီး ဒေသခံများ စစ်ဘေးရှောင်ရမှုများလည်း ရှိနေသည်။

ထို့အပြင် တပ်မဟာ-၆ နယ်မြေအတွင်း အာရှလမ်းသစ် မြဝတီ-ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတွင် စစ်ကောင်စီ တပ်များကို KNLA၊ ပူးပေါင်းတပ်က စစ်ရေးအသာစီးဖြင့် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခမ်းအနား (Photo: KNU)
July 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆)၊ ...
Photo: CJ
July 1, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ရပ်ကွက်များအတွင်း ညဘက်တွင်...
June 30, 2026
ကရင်ပြည်နယ်အတွင်းရှိ မြဝတီ-ကော့ကရိတ်-ဖားအံ အာရှလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ခရီးသွားလူငယ်များကို...
June 29, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဗျက္ခကျေးရွာအုပ်စု၊ နောင်မဘုံ(နွန့်ဝါ့ဘုံ)ကျေးရွာတွင်...