မလေးရှားတွင် မြန်မာအများစုနေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ဖမ်းဆီးခံရ

မလေးရှားတွင် မြန်မာအများစုနေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာအများစုနေထိုင်သည့် တိုက်ခန်းတစ်ခုကို ယနေ့ (ဇူလိုင် ၂ ရက်) နံနက်ပိုင်းတွင် မလေးရှားအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၄၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ကွာလာလမ်ပူရှိ ရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ Ria Apartment တိုက်ခန်းကို ဒေသခံများက ပတ်ဝန်းကျင်ဆူပူမှုဖြင့် တိုင်တန်းခဲ့သဖြင့် မလေးရှားအာဏာပိုင်းများက ဝင်ရောက်စီးနင်းခဲ့ရာတွင် ယင်းသို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“တိုက်ခန်းကလူတွေက အသံကျယ်တာတွေရှိတယ်။ သောက်စားဘာညာ ရှိတာပေါ့။ သူတို့နိုင်ငံသားတွေက ဆူပူတယ်ဆိုပြီး တိုင်ထားတော့ မနက်စောစော ကားတွေနဲ့လာပြီး တိုက်ခန်းကိုဝင်မွှေတာ၊ ပြီးတော့ အကုန်လုံးကိုစုပြီး ဖမ်းခေါ်သွားတယ်” ဟု မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူအများစုမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြပြီး အခြားနိုင်ငံသားမှ ရွှေ့ပြောင်းလုပ်သားများလည်း ပါဝင်ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် အော်ပရာစီ(ဌာနစုံပူးပေါင်းအဖွဲ့) အဖမ်းအဆီးအပြင် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလုပ်သားများ နေ့စဉ်နှင့်အမျှ ဖမ်းဆီးခံနေကြရသည်။

“ကိုယ့်တိုင်းပြည်မှာ အဆင်မပြေ၊ မအေးချမ်းလို့ သူများတိုင်းပြည်ကို လာပြီဆိုရင် နေထိုင်တတ်ဖို့လိုတယ်။ အထူးသဖြင့် မတရားမှုတွေမလုပ်ဖို့လိုတယ်” ဟု မလေးရှားအခြေစိုက် ရခိုင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CARC)မှ နာယကချုပ် ဆရာတော် ဦးဥတ္တရက DMG နှင့် သီးသန့်အင်တာဗျူးတွင် မိန့်ကြားထားသည်။

ဖမ်းဆီးခံရသူများမှာ မလေးရှားလဝကဥပဒေအရ တရားရုံးတင်ပြီး တရားသူကြီး၏ ဆုံးဖြတ်ချက်အပေါ် အခြေခံကာ တစ်လမှ သုံးလအထိ ထောင်ဒဏ်ချမှတ်ခံရသူများလည်းရှိသည်။

မလေးရှားနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များဖမ်းဆီးခံရမှုမှာ ၂၀၂၄ ခုနှစ်တွင် ၄၅,၇၈၄ ဦးရှိခဲ့ပြီး ၂၀၂၅ ခုနှစ် မေ ၁၃ ရက်အထိ ၃၄,၂၈၇ ဦးရှိကြောင်း Fortify Rights ၏ ဇွန်လ ၁၈ ရက်ထုတ် အစီရင်ခံစာကဖော်ပြသည်။

မလေးရှားနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအား မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ အကြမ်းဖက်ဖမ်းဆီးနေသည့် လုပ်ရပ်များကိုရပ်တန့်ပေးရန် Fortify Rights က တောင်းဆိုထားသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...