အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်

အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်က ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ပုသိမ်-မုံရွာကားလမ်းရှိ ဘဲ့ပြားကုန်းနှင့် စာစီကုန်းကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ဇွန် ၂၉ ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ဒီဖက်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြီးခဲ့တဲ့ဧပြီလကတည်းက ဖြစ်နေကြတာ။ စစ်ကောင်စီက အဲဒီကျေးရွာတွေမှာ အခြေစိုက် လှုပ်ရှားနေကြတာကြာပြီ။ ဒီစခန်းတွေကို ဇွန် ၂၉ ညနေပိုင်းမှာ သိမ်းပိုက်လိုက်တာ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရထားတယ်” ဟု မြေပြင်အခြေနေကိုသိရှိသူ လေးမျက်နှာဒေသခံ အမျိုးသားတစ်ဦးက DMG ကို ပြောသည်။

အင်္ဂပူမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဧပြီလမှစတင်ကာ ကျေးရွာ ၁၀ ကျော်မှ ဒေသခံ ထောင်နှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြသည်။

အဆိုပါကျေးရွာများကို မေလနှင့် ဇွန်လအတွင်းက စစ်ကောင်စီ၏ ကွင်းကောက်အခြေစိုက် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တကက-၅)မှ စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့သည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းက ရေကြည်မြို့နယ်ရှိ စစ်ကောင်စီ၏ မြောက်စမ်းကျေးရွာအခြေစိုက် အမတ- ၃၄၄ တပ်ရင်းနှင့် ပုသိမ်- မုံရွာကားလမ်း လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်း၊ ကျားကိုက်ကွင်းကျေးရွာ အနီးဝန်းကျင်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

လေးမျက်နှာဒေသခံ နောက်ထပ်အမျိုးသားတစ်ဦးက “အဓိက နှစ်ဖက်လုံး ပုသိမ်-မုံရွာလမ်းပိုင်းကို စိုးမိုးနိုင်ဖို့ ကြိုးပမ်းနေကြတာ။ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရွာတွေရှိသလို စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရွာတွေလည်းရှိတယ်။ သဲနုကုန်းတို့၊ ပန်းတောကြီးတို့ဖက်မှာလည်း စစ်ကောင်စီ စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေရှိတယ်။ အမတ ၃၄၄ ဖက်ကလည်း အခုလက်နက်ကြီးသံတွေ ကြားရတယ်” ဟု ပြောသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းရဲစခန်းကို ပြီးခဲ့သည့် ဇွန် ၁၆ ရက်က သိမ်းပိုက်ခဲ့ကြသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ဧရာဝတီစစ်မျက်နှာပြင်တွင် ၂၀၂၅ နှစ်ဆန်းပိုင်းက စတင်ကာ တိုက်ပွဲများ ဖော်ဆောင်နေခြင်းဖြစ်သည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းက အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်မြို့နယ်တို့မှာ တိုက်ပွဲများရှိနေပြီး စစ်ကောင်စီ၏ တပ်စခန်း ၉ ခုထက်မနည်းကိုလည်း AA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...
အမ်း - ပဒါန်းလမ်းပိုင်းတွင် ပျက်စီးနေသော စစ်ကောင်စီ ယာဉ်အား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Myanmar Now
March 26, 2026
မကွေး - ရခိုင်အစပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်အင်အား၊ လက်နက်ခဲယမ်း...
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 25, 2026
နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ရခိုင်ပြည်ရှိ စုံလင်ကွဲပြားသည့်...
စစ်တွေလေဆိပ်အား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
March 24, 2026
အမေရိကန်- အီရန် စစ်ရေး ဂယက်ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စက်သုံးဆီအခက်အခဲနှင့် ရင်ဆိုင်နေကြပြီး...