လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းနေတဲ့ မွန်ပြည်နယ်စစ်ကောင်စီက ခွင့်ပြချက်မရှိဘဲ တခြားနည်း အသုံးမပြုဖို့ပြော

လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းနေတဲ့ မွန်ပြည်နယ်စစ်ကောင်စီက ခွင့်ပြချက်မရှိဘဲ တခြားနည်း အသုံးမပြုဖို့ပြော

မွန်ပြည်နယ်အတွင်းက လယ်ယာမြေတချို့ကို စီမံကိန်း အကြောင်းပြချက်တွေနဲ့ အကွက်ရိုက်ရောင်းစားနေတဲ့ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ တခြားနည်း အသုံးမပြုဖို့ ပြောလာပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးမှာ စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ကသူ့လက်အောက်ခံ ဌာနဆိုင်ရာတွေကို ပြောဆိုခဲ့တာပါ။

လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ တခြားနည်း အသုံးပြုမှုတွေကို သတ်မှတ်ထားတဲ့ SOP နဲ့အညီ စိစစ်ဆောင်ရွက်ဖို့အတွက် ခရိုင်မြို့နယ် အဖွဲ့တွေက ကွင်းဆင်း ဆောင်ရွက်ဖို့နဲ့ လယ်ယာမြေကို စိုက်ပျိုးခြင်းမရှိဘဲ အကြောင်းမဲ့လှပ်ထားခြင်း မရှိစေရေးအတွက် ကြပ်မတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်အတွင်းက လယ်ယာမြေ ပြဿနာတွေကိုလည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်ဆောင်ရွက်ဖို့နဲ့ တင်ပြလာတဲ့ အမှုတွဲတွေကိုလည်း သက်ဆိုင်ရာ အဖွဲ့ဝင်တွေက လယ်ယာမြေ ဥပ‌ဒေ၊ နည်းဥပ‌ဒေနဲ့ အညီ ဝိုင်းဝန်းဆွေးနွေးဖို့ ပြောဆိုခဲ့တာပါ။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံ တစ်ဦးက စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က လယ်ယာမြေတွေကို ခွင့်ပြုချက်မရှိဘဲ တခြားနည်း အသုံးမပြုဖို့ ပြောဆိုနေပေမယ့် သူတို့ကိုယ်တိုင် ဥပဒေကို ချိုးဖောက်ကာ အကွက်ရိုက်ရောင်းပြီး လုပ်ချင်သလို လုပ်နေတယ်လို့ ဝေဖန်ပါတယ်။

“လယ်ယာမြေ အသုံးပြုခွင့် မရှိဘူးဆိုတာက သူတို့ပဲ အဲဒီဥပ‌ဒေကို ချိုးဖောက်ပြီးတော့ မြို့သစ်စီမံကိန်းဆိုပြီးတော့ မြေဖို့ပြီးတော့ တစ်ကွက်ကို ၁၄၀၀ တို့ ၁၅၀၀ တို့ အဲဒီလိုမျိုးတွေ ရောင်းစားနေတာပေါ့။ သူတို့ကိုယ်တိုင်က လယ်ယာမြေမှာ အိမ်ဆောက်ခွင့်မရှိဘူး။ လယ်ယာမြေဥပ‌ဒေအရ ဘာအရ လယ်မလုပ်ရင် နိုင်ငံတော်ကို ပြန်အပ်ရမယ်လို့ ပြောပြီးတော့ နိုင်ငံတော် ပိုင်တဲ့ဟာကို ရောင်း စားဆိုတော့ နိုင်ငံတော်ကြီးဟာ သူတို့လက်ထဲမှာ လုပ်ချင်သလိုလုပ်လို့ ရတာလားပေါ့။ ဒါအာဏာ ရှင်တွေရဲ့ စနစ်ဆိုးတွေပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် လယ်ယာမြေတွေကို တခြားနည်း အသုံးပြုဖို့ ခွင့်ပြုချက်ရနေတာဟာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ခရိုနီတွေကသာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အဆင့်ဆင့်ကို ငွေပေးပြီး တခြားနည်း သုံးစွဲခွင့်ရနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ တခြားနည်းအသုံးမပြုဖို့ ပြောဆိုနေပေမယ့် မော်လမြိုင်မြို့မှာ ဒေသခံတွေရဲ့ လယ်ယာမြေတွေကို သူတို့ကိုယ်တိုင် သိမ်းဆည်းကာ လှိုင်တိုးချဲ့ မြို့သစ် စီမံကိန်းဆိုပြီး အကွက်ရိုက်ရောင်းစားနေတာ ဖြစ်ပါတယ်။

မုဒုံမြို့နယ်မှာလည်း အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ နိုင်ငံတကာအဆင့်မီဆိပ်ကမ်း စီမံကိန်းတည်ဆောက်ဖို့အတွက်ဆိုကာ လယ်ယာမြေတွေကို လျော်ကြေးပေးပြီး သိမ်းဆည်တာရှိသလို ချောင်းဆုံမြို့နယ်မှာလည်း ကျောက်မီးသွေး စက်ရုံတည်ဆောက်မယ်ဆိုပြီး လယ်ယာမြေတွေကို လျော်ကြေးပေး သိမ်းဆည်တာတွေ ရှိနေပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...