မိုးညှင်းမြို့အတွင်း စာသင်ကျောင်းပြောင်းသင်ကြားနိုင်ဖို့အတွက် ကျောင်းဝင်ကြေး ကျပ်တစ်သိန်းနီးပါးပေးဆောင်ရ

မိုးညှင်းမြို့အတွင်း စာသင်ကျောင်းပြောင်းသင်ကြားနိုင်ဖို့အတွက် ကျောင်းဝင်ကြေး ကျပ်တစ်သိန်းနီးပါးပေးဆောင်ရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အတွင်းရှိ အထက်တန်းကျောင်းတွေကို  တခြားဒေသ၊ ကျေးရွာတွေဆီကနေ ကျောင်းပြောင်းဝင်ရောက်ဖို့အတွက် ကျောင်းဝင်ကြေးအဖြစ် တစ်ဦးကို ကျပ်တစ်သိန်းနီးပါး ပေးဆောင်နေရတယ်လို့ ကျောင်းသားမိဘတွေက ပြောဆိုကြပါတယ်။

“ငွေမပေးရင် လက်မခံဘူး တစ်ခြားကျောင်းသွားအပ်လိုက်လို့ပဲပြောနေတာ သူတို့က တရားဝင်တောင်းတာတော့မဟုတ်ဘူး အဆင်ပြေချင်ရင်တော့ ပေးလိုက်တာပါ့လေ” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

“ဒီဝင်ကြေးကို နိုင်ငံတော်မှ တရားဝင်တောင်းခံတာမျိုးမဟုတ်ဘူးလို့”  မိုးညှင်းမြို့သို့ အထက်တန်းကျောင်းအပ်နှံခဲ့သူ ကျောင်းသားမိဘတစ်ဦးက ရှမ်းနီအသံကို အခုလိုပြောပြတာပါ။

ပြီးခဲ့နှစ်မှာတော့ အဆိုပါကျောင်းဝင်ကြေးကို (၆) သောင်းကျပ် ပေးဆောင်ရပြီး ယခုနှစ်မှာ (၉) သောင်းကျပ် တိုးမြှင့်ကောက်ခံတာလာတာကြောင့် နှစ်ဆနီးပါး ထပ်မံမြှင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

မိုးညှင်းမြို့နယ်အတွင်းမှာ အင်းတော်ကြီးဒေသအပါအဝင် ဖားကန့်ဒေသတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးအခြေအနေတင်းမာမှုနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒေသတွင်း မငြိမ်မသက်မှုတွေ ဖြစ်ပွားနေတာပါ။

ဒေသတွင်း မငြိမ်မသက်မှုတွေကြောင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိတာတွေနဲ့ KIA+PDF  ထိန်းချုပ်ထားတဲ့ဒေသက ဖွင့်လှစ်မည့် ကျောင်းများတွင် တက်ရောက်ပညာသင်ကြားပါကလည်း စစ်ကောင်စီတပ်ဖွဲ့များရဲ့ လေကြောင်းရန်ကြောက်ရွံ့မှုတွေကြောင့် ဒီနှစ်မှာ မိုးညှင်းမြို့ပေါ်သို့ ပြောင်းရွှေ့လာမှုများ များပြားနေတာပါ။

ဖားကန့်ဒေသနဲ့ အင်းတော်ကြီးဒေသအပါအဝင် စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးတိမ်းရှောင်လာသော ဒေသခံအများစုကလည်း မိုးညှင်းမြို့အတွင်းမှာ နေထိုင်နေကြပြီး ပြောင်းရွှေ့ပညာဆက်လက်သင်ကြားနေတဲ့ ကျောင်းသား/သူများလည်း ရှိနေပါတယ်။

မိုးညှင်းမြို့နယ်အတွင်းမှာ နှစ်စဉ် ကျောင်းသား/သူ ငါးသောင်းဝန်းကျင်ရှိနေပြီး ကျောင်းပေါင်း ၂၀၀ ဝန်းကျင် ဖွင့်လှစ်သင်ကြားနေတာလည်းဖြစ်ပါတယ်။

May 8, 2026
မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို စစ်တပ်က အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မေလ ၆...
May 7, 2026
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG တို့ သိမ်းပိုက်ထားတဲ့မြို့တွေ...
May 6, 2026
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းက မော်လူးမြို့ကို စစ်တပ်တွေက မေလ ၅ ရက်နေ့မှာ...
ချီဖွေငယ်ရေအားလျှပ်စစ်ကိုတွေ့ရစဉ်/Credit
May 4, 2026
ချီဖွေငယ်ရေအားလျှပ်စစ်ကို ပြန်လည်ပြုပြင်နေတာပြီးစီးသွားပေမယ့် မြစ်ကြီးနားမြို့...