ရွှေကူကလေယာဉ်ကို ထပ်မံဖျက်ဆီးဆိုပြီး ဂျင်းအတောင့်လိုက်ထည့်ပြန်ပြီဆိုတဲ့ သတင်းအမှား

ရွှေကူကလေယာဉ်ကို ထပ်မံဖျက်ဆီးဆိုပြီး ဂျင်းအတောင့်လိုက်ထည့်ပြန်ပြီဆိုတဲ့ သတင်းအမှား

ရွှေကူမြို့မှာ စစ်ကောင်စီရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထပ်မံပစ်ခတ်ဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီချန်နယ်လ်တစ်ခုဖြစ်တဲ့ "မှိုင်းဝေ"  တယ်လီဂရမ်ချန်နယ်လ်ကနေ ဧပြီလ ၂၁ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေလာပါတယ်။

(မူရင်းအရေးအသား)

“ခုလည်း ရွှေကူကလေယာဉ်ကို ထပ်မံဖျက်ဆီးဆိုပြီး ဂျင်းအတောင့်လိုက်ထည့်ပြန်ပြီ“ ဆိုပြီးတော့ ဝါဒဖြန့်ရေးသားဖြန့်ဝေထားတာလည်း ဖြစ်ပါတယ်။

အဲဒီ ဝါဒဖြန့်သတင်းအမှားကို "မှိုင်းဝေ" တယ်လီဂရမ်ချန်နယ်မှာ ဧပြီ  ၂၃ ရက်နေ့ မနက်ပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၅,၀၀၇ နဲ့ တစ်ဆင့်ပြန်လည်မျှဝေသူ ၇ ယောက်ထိ ရှိနေပြီဖြစ်ပါတယ်။

ဒီအကြောင်းရာနဲ့ပတ်သက်ပြီး မြစ်ကြီးနားသတင်းဂျာနယ်က အချက်အလက်စစ်ဆေးသူများ စစ်ဆေးလိုက်တဲ့အခါမှာ ဝါဒဖြန့်ဝေနေတဲ့ သတင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။

(သတင်းအမှားဖြစ်ကြောင်း စစ်ဆေးချက်)

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ဗန်းမော်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကတော့ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြမှုတွေ ရှိပါတယ်။

မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်လောက်မှာ ဗန်းမော် စကခ ၂၁ ဌာနချုပ်အနီး ရဟတ်ယာဉ်သုံးစင်းနဲ့ တပ်သားအင်အားလာဖြည့်တဲ့အချိန် ရဟတ်ယာဉ်သုံးစင်းကို  KIA က ပစ်ခတ်ခဲ့ရာ နှစ်စင်းကိုထိမှန်ခဲ့ပြီးတော့ တစ်စင်းပျက်ကျခဲ့တာလည်း ဖြစ်ပါတယ်။

နှစ်စင်းထိမှန်တဲ့အထဲက တစ်စင်းဟာရွှေကူမြို့ဘက် အရေးပေါ်ဆင်းသက်ခဲ့ပြီးတော့ တစ်စင်းကတော့ ရွှေကူမရောက်မီ ၁၅ မိုင်လောက်အလို တောထဲမှာ ပျက်ကျခဲ့တာလည်း ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ပေါင်းစုကနေ ပစ်ချလိုက်ပြီး မီးလောင်ပျက်ကျနေတဲ့ ရဟတ်ယာဉ်ဘေး အနီးတစ်ဝိုက်မှာ စစ်ကောင်စီ ဗိုလ်ကြီးအလောင်းတစ်လောင်းကို တွေ့ရှိရတယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပြောကြားထားပါတယ်။

နောက်ဆက်တွဲရွှေကူမှာ အရေးပေါ်ဆင်းသက်ခံရတဲ့ စစ်ကောင်စီရဟတ်ယာဉ်ကို KIA တပ်ဖွဲ့ဝင်တွေက မေလ ၂၁ ရက် ညနေပိုင်းမှာဘဲ သွားရောက်ပစ်ခတ်ဖျက်ဆီးလိုက်တယ်လို့လည်း ဗိုလ်မူးကြီးနော်ဘူက ဧရာဝတီသတင်းဌာနကို ဖြေကြားထားတဲ့ သတင်းကိုလည်း မေလ၂၁ ရက် ညနေပိုင်းမှာ ဖော်ပြထားပါတယ်။

အဲဒီသတင်းအပြည့်အစုံကိုလည်း အခု LINK ကတဆင့်  https://www.facebook.com/share/p/197VitzF9o/?mibextid=oFDknk သွားရောက်ဖတ်ရူနိုင်ပါတယ်။

 ရွှေကူမှာ အရေးပေါ်ဆင်းသက်ခဲ့တဲ့ စစ်ကောင်စီရဟတ်ယာဉ်ကို KIA ထပ်မံပစ်ခတ်ဖျက်ဆီးတယ် ဆိုတဲ့ သတင်းကို မေလ ၂၁ ရက်နေ့မှာ People's Spring သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။

အဲဒီသတင်းအပြည့်အစုံကိုလည်း အခု LINK  https://www.facebook.com/share/p/19ETFgVzxH/?mibextid=oFDknkL သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။

(သုံးသပ်ချက်)

"မှိုင်းဝေ" တယ်လီဂရန်ချန်နယ်လ်က ဖြန့်ဝေနေ့တဲ့

“ခုလည်း ရွှေကူကလေယာဉ်ကို ထပ်မံဖျက်ဆီးဆိုပြီး ဂျင်းအတောင့်လိုက်ထည့်ပြန်ပြီ“ ဆိုပြီး ဝါဒဖြန့်ရေးသားဖြန့်ဝေနေတာဖြစ်ပြီးတော့ ရွှေကူမှာ စစ်ကောင်စီရဟတ်ယာဉ်ကို KIA ထပ်မံပစ်ခတ်ဖျက်ဆီးတဲ့ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာဖြစ်တယ်လို့ ဝါဒဖြန့်ဝေနေတာလည်း ဖြစ်ပါတယ်။

(အကြံပြုချက်)

ဒါကြောင့်ပြည်သူတွေအနေနဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်က သတင်းအချက်အလက်တွေကို အလွယ်တကူ တဆင့်ပြန်လည်မျှဝေတာတွေ မလုပ်ဆောင်ဘဲ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့ ဒေသတွင်းသတင်းဌာနတွေက သတင်းတွေကိုသာ သွားရောက်ဖတ်ရှုကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...