ချင်းညီနောင်အဖွဲ့ကို တပ်မတော်တစ်ရပ်အဖြစ် တိုးမြှင့်ဖွဲ့စည်းမည်

ချင်းညီနောင်အဖွဲ့ကို တပ်မတော်တစ်ရပ်အဖြစ် တိုးမြှင့်ဖွဲ့စည်းမည်

ချင်းကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ ပေါင်းစည်းထားသော ချင်းညီနောင်အဖွဲ့ကို ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ် ပေးနိုင်သည့် တပ်မတော်တစ်ရပ်အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရေး စတင်လုပ်ဆောင်နေပြီဟု ချင်းညီနောင်အဖွဲ့က ကြေညာသည်။

ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေ တနေရာတွင် မြေပြင်အစည်းအဝေးတရပ်ကို ဧပြီလ ၂၆ ရက်မှ ၂၉ ရက်အထိ ချင်းညီ နောင်အဖွဲ့ဝင်များက အောင်မြင်စွာ ကျင်းပပြီးနောက် အနာဂါတ် စစ်ရေး၊ နိုင်ငံရေးအပါဝင် ကျယ်ပြန့်သော  သဘောတူညီချက် အသစ်များ ဆုံးဖြတ်၊ ထွက်ပေါ်လာခြင်းကို မေလ ၁၁ ရက်မှာ ချင်းညီနောင်က တရားဝင်ထုတ်ပြန်သည်။

ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များ ပေါင်းစည်းကာ ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်သည့် ပိုမိုကျစ် လစ်ခိုင်မာသော တပ်မတော်တစ်ရပ် (Standard Army) အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရန် အခြေခံမှုများ ချမှတ်ခဲ့သည်ဟု ဆိုသည်။

“အဓိက ကျနော်တို့က One Army အနေနဲ့ သွားနိုင်ဖို့က ကျနော်တို့ရဲ့ ချင်းညီနောင်အဖွဲ့အစည်းမှာ ၆ ဖွဲ့ ရှိပါတယ်။ အဲဒီ ၆ ဖွဲ့ စလုံးက ကိုယ့်ရဲ့ မိခင်တပ်ဖွဲ့မှာ ကျစ်ကျစ်လစ်လစ်နဲ့ Command နဲ့ Control ကောင်းကောင်းလေးနဲ့ အဓိကက Chain of Command ပေါ့။ စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်း ကောင်းကို တည်ဆောက်နိုင်အောင် အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်။ အဲဒီလို Chain of Command သွားနိုင် ဖို့က သင်တန်းက အရမ်းအရေးကြီးပါတယ်။ အခုချိန်ကနေ စပြီးတော့ ချင်းညီနောင်အဖွဲ့မှာ ပါတဲ့သူ၊ အားလုံးက တူညီတဲ့ သင်တန်း သင်ခန်းစာတွေ၊ တူညီတဲ့ သင်တန်းကြာချိန်တွေ၊ ၄ လလား၊ ၆ လားပေါ့။ အားလုံး တစ်စု တစ်စည်းထဲ သွားနိုင်ဖို့က တူညီတဲ့အရာတွေ လိုအပ်ပါတယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - CNDF နှင့် ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

နိုင်ငံရေးတွင် ICNCC လမ်းကြောင်းဖြင့် သွားနေသော ချင်းညီနောင်အဖွဲ့ဝင်များသည် စစ်ရေးတွင် နောက်ဆုံး ရည်မှန်းချက်မှာ One Command ၊ One Army အဖြစ် တစ်စုတစ်စည်းထဲ သွားနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ချင်းညီနောင် တစ်နှစ်တာ စစ်ရေးဖော်ဆောင်မှုများ လုပ်ဆောင်ပြီးနောက် လက်ရှိတွင် One Army အဖြစ် သွားနိုင်ရေး စတင်ဆောင်ရွက်ခြင်းကြောင်း သိရသည်။

ချင်းပြည်အစိုးရ ပေါ်ပေါက်လာရေးအတွက် တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်း အစရှိသော ဒီမိုကရေစီ စံနှုန်းထားများ ပါဝင်သည့် ချင်းညီနောင်၏ Terms of Reference (ToR) အတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်ဟု သိရသည်။

“ချင်းပြည်အစိုးရ ဖွဲ့စည်းဖို့ကတော့ လိုအပ်တဲ့ ကျနော်တို့ရဲ့ ချင်းချာတာကိုလည်း ပြန်သုံးသပ်မှုတွေ လုပ်ဖို့ ဆွေးနွေးထားတာ လည်း ရှိပါတယ်။ ICNCC မှာ Draft (မူကြမ်း) တော့ ထွက်လာပြီ။ အဲဒါကို ချင်းညီနောင်ရဲ့ သဘောထား ပြန်ပြီးတော့ review လုပ်ဖို့ ဒီဟာကို အဖွဲ့အစည်းတခုကနေ လူပုဂ္ဂိုလ် ၂ ဦးစီဆိုပြီး ကိုယ်စားလှယ် လွှတ်ပြီးမှ ချင်းပြည်အစိုးရ ပေါ်ပေါက်လာဖို့ လိုအပ်တဲ့ ချင်းချာတာကိုလည်း ပြန်ပြင်ဆင်နေတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။

ချင်းပြည်အစိုးရကို ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အနာဂါတ်တွင် ချင်းပြည်သူ လူထုတရပ်လုံးကို ကိုယ်စားပြုနိုင်ရေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ပြည်တွင်း မဟာမိတ်ဆက်ဆံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးတို့တွင်ဖြစ်စေ၊ စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုစီးပွားရေးတို့တွင်ဖြစ်စေ မူဝါဒများ ရေးဆွဲနိုင်ရေးအတွက် အခြေခံသဘောတူညီချက်များ ချမှတ်နိုင်ခဲ့သည်ဟု သိရသည်

ချင်းညီနောင် ထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်းများကို ကာကွယ်သွားမည့်အပြင် ကျန်း မာရေး၊ ပညာရေး၊ စားနပ်ရိက္ခာဖူလုံးရေး အစရှိသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများ၊ တော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခြေခံ သဘောတူညီချက်များ မှတ်ခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပသော အစည်းအဝေးကို ချင်းညီနောင်အဖွဲ့ဝင်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ် စုစုပေါင်း ၃၉ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

ချင်းညီနောင်အဖွဲ့တွင် CDF – Mindat ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - CNDF ၊ PDF – Zoland ၊ CDF – Matupi ၊ CDF – Kanpetlet  နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF တို့ ပါဝင်သည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...