နန်းယွန်းမှာ စစ်တပ်က အင်အားဖြည့်နေ

နန်းယွန်းမှာ စစ်တပ်က အင်အားဖြည့်နေ
နန်းယွန်းမြို့( Photo - Crd)
နန်းယွန်းမြို့( Photo - Crd)

စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့ပေါ်မှာ စစ်ကောင်စီတပ်က စစ်အင်အားဖြည့်နေတယ်လို့‌ ဒေသခံတွေဆီကနေ သိရပါတယ်။

ဧပြီလ ၂၈ ရက်ကစပြီး နန်းယွန်းမြို့မှာထိုင်ထားတဲ့ ခ.လ.ရ ၁၂၆ တပ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်ထားတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

"မြို့ကကျဉ်းတော့ ဒီမှာရှိတဲ့စစ်သားတွေဆိုသိတယ်။ခုမြို့ထဲမှာလည်း မြင်နေကြမဟုတ်တဲ့ စစ်သားတော်တော်များတယ်ဗျ။ ဒီကလူတွေကတော့ နည်းနည်းတော့စိုးရိမ်နေကြတယ်” လို့ အသက် ၄၀ ဝန်းကျင်ရှိတဲ့အမျိုးသားတစ်ဦးကပြောပါတယ်။

စစ်တပ်နဲ့နီးစပ်တဲ့ နန်းယွန်းမြို့ခံတစ်ဦး ပြောချက်အရ စစ်ကောင်စီတပ်ဟာ ဧပြီလကုန်ပိုင်း နန်းယွန်းမြို့ထဲ ရဟတ်ယာဉ်နဲ့အင်အား ၁၀၀ ဝန်းကျင်ဖြည့်ထားတယ်လို့ ဆိုပါတယ်။

နန်းယွန်းမြို့မှာ စစ်တပ်ဘက်က နန်းယွန်း- ပန်ဆောင်သွားတဲ့လမ်းပေါ်နဲ့ တနိုင်း-နန်းယွန်း လမ်းပေါ်မှာ အဓိကတပ်ထိုင်ထားပြီး ခုအင်အားဖြည့်ထားတဲ့နေရာဟာ မြို့တွင်းတပ်လို့ပြောလို့ရတဲ့ နန်းယွန်း- ပန်းဆောင် လမ်းမပေါ်ရှိ နေရာမှာဖြစ်တယ်လို့ သိရပါတယ်။

နန်းယွန်းမြို့ပေါ်  စစ်တပ်က ဘာကြောင့်အင်အားဖြည့်တင်း‌နေလဲဆိုတာ အသေးစိတ် မသိသေးပေမယ့် နန်းယွန်းမြို့ဟာ စစ်ကိုင်း-ကချင် အစပ်မှာရှိတာကြောင့် နန်းယွန်းမြို့ကနေ ကချင်ပြည်နယ် တနိုင်း- မြစ်ကြီးနားဘက်အထိ စုန်ဆင်းလာနိုင်တဲ့တွက် ခုလိုအင်အားဖြည့်နေတာဖြစ်တယ်လို့ ဒေသခံတွေ သုံးသပ်ပါတယ်။

"နန်းယွန်းက စစ်ကိုင်းတိုင်းဆိုပေမယ့် ကချင်ပြည်နယ် တနိုင်းမြို့နဲ့ဆက်နေတာ နန်းယွန်းကနေတဆင့် ရှင်ဗွေယန် တနိုင်းအထိ လီဒိုကားလမ်းမကြီးအတိုင်းဆင်းလို့ရတယ် စစ်ရေးဆိုတော့နားလည်ရခက်တယ်ဗျ။ ဒီကနေ ကချင်ဘက်ကိုအင်အားဖြည့်ကောင်းဖြည့်နိုင်တယ်” လို့ နောက်ထပ် နန်းယွန်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာတစ်လျှောက်မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ KIA ပူး ပေါင်းတပ်အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို လက်ရှိချိန်ထိလည်း နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေတာပါ။

ဒါကြောင့် စစ်တပ်ဘက်က နန်းယွန်းဘက် အင်အားဖြည့်တာလို့ ဒေသခံတွေ သုံးသပ်နေကြပါတယ်။

နန်းယွန်းမြို့ပေါ်မှာ စစ်ကောင်စီတပ်က အခုလိုအင်အားဖြည့်တင်ထားတဲ့နောက် နန်းယွန်းမြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ နမ္မလစ်ကျေးရွာထဲမှာလည်း နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN-K ယုန်းအောင်အဖွဲ့က အင်အားသုံးပြီး တပ်စွဲနေရာယူလာတယ်လို့ သိရပါတယ်။

နာဂလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ NSCN-K ယုန်းအောင်နဲ့ NSCN-K အန်းမိုင်းနှစ်ဖွဲ့ထဲက NSCN-K အန်းမိုင်းအဖွဲ့က စစ်ကောင်စီနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး NSCN-Kယုန်းအောင်အဖွဲ့က စစ်ကောင်စီနဲ့ တင်းမာတဲ့အခြေအနေမှာ ရှိတာဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...