ရန်သူသတင်းပေးတွေကြောင့် လိုပွာခိုခရိုင်မှာ star link တွေကို တစ်လတိတိပိတ်ထားရန် ညွန်ကြားထား

ရန်သူသတင်းပေးတွေကြောင့် လိုပွာခိုခရိုင်မှာ star link တွေကို တစ်လတိတိပိတ်ထားရန် ညွန်ကြားထား

ကရင်နီပြည်၊ လိုပွာခိုခရိုင် (မော်ချီးဒေသ) မှာ ရန်သူသတင်းပေးတွေကြောင့် ခရိုင်အတွင်း ဗုံးကြဲခံရမှုတွေ ခပ်စိတ်စိတ်ဖြစ်လာချိန်မှာပဲ star link အင်တာနက် အသုံးပြုမှုတွေ တစ်လတိတိ ပိတ်ထားဖို့နဲ့ တခြားညွန်ကြားချက် ၇ ချက်ပါ အမိန့်စာကို လိုပွာခိုခရိုင်၊ ခရိုင်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက ဧပြီလ ၂၈ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

“ရန်သူ သတင်းပေးတွေက ကိုယ့်ပတ်ဝန်းကျင်မှာ တောက်လျှောက်ရှိတာကြီးကို။ ကိုယ်ဘာလုပ်တယ် အုပ်ချုပ်မှုတွေ ဘာလုပ်တယ်။ စစ်ရေးဘာလုပ်တယ်ဆိုတာ ရန်သူ့ဆီ သတင်း နေတိုင်း ရန်သူ့ဆီ အချိန်နဲ့တပြေးညီ ရောက်နေတာ။ အဲ့ဒါကြောင့် အဆင်မပြေလို့ ခနပိတ်ထားလိုက်တာ” လို့ ကရင်နီပြည်၊ လိုပွါခိုခရိုင် ပူးပေါင်းအုပ်ချူပ်ရေးကော်မတီ ဥက္ကဋ္ဌ (၁) စောသက်စံက ပြောပါတယ်။

ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့ကရင်နီပြည်မှာ star link အင်တာနက် အသုံးပြုပြီး သတင်းအချက်အလက်ရယူတာ၊ ဆက်သွယ်မှုတွေကို ပြုလုပ်ကြတာပါ။

အခုလို စတားလင့် ကို တလတိတိ ပိတ်လိုက်တဲ့အပေါ် ပြန်လည်စိစစ်ပြီး အချိန်ပိုင်းလေးဖြစ်ဖြစ် ပြန်လည် ဖွင့်ပေးစေလိုတယ်လို့ လိုပွာခိုခရိုင် ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်လ လိုင်းပိတ်ထားခိုင်းတဲ့ အပေါ် ဒီဘက်မှာနေတဲ့ ပြည်သူတွေအနေနဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်မယ့် အ‌ခြေအနေဖြစ်သွားမယ်‌ပေါ့နော။ ဒီ star link နဲ့ တနိုင်တပိုင် စီးပွားရေးလုပ်တဲ့သူ‌တွေလည်း အရမ်းထိခိုက်သွားမယ်ပေါ့နော။ သေချာလေး ပြန်လည်စိစစ်ပြီး အချိန်ပိုင်းလေးဖြစ်ဖြစ် ပြန်လည်ဖွင့်စေချင်တယ်ပေါ့” လို့ လိုပွာခိုခရိုင် ဒေသခံတစ်ဦးက ပြောပါတယ်။

star link အင်တာနက်စက်တွေကို မိုးခီး အုပ်စု အုပ်ချုပ်ရေးမှူး ရုံးမှာ လာရောက်စာရင်းပေးသွင်းရမယ်လို့ ဆိုပါတယ်။

“လွတ်လပ်မူကို ထိန်းချုပ်သွားသလို ခံစားမိတယ်။ သတင်းအချက်အလက်တွေ မသိရတော့ စိုးရိမ်ပူပန်မှုတွေလည်း ရှိလာတယ်ပေါ့။ လိုင်းပိတ်လိုက်ခြင်းအားဖြင့် နောက်ထပ် အမှောင်ထဲ ပြန်ရောက်သွားသလို ခံစာရတယ်ပေါ့နော်။ ပြည်သူအနေနဲ့ သေချာလေး စိစစ်ပြီး ပြန်လည်ဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်ပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လိုပွာခို ခရိုင် ပူးပေါင်းအုပ်ချုပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ star link အင်တာနက် ပိတ်ထားဖို့အပြင် အရေးပေါ်ကာလတွင်း စားသောက်ဆိုင်နဲ့ ကုန်စုံဆိုင်တွေကို မနက် ၆ နာရီကနေ ည ၆ နာရီအထိသာ ဖွင့်ခွင့်ပြုမယ်လို့လည်း ဆိုထားပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ လူဝင်/လူထွက် သွားလာမှုကို တိတိကျကျ စိစစ်ပြီး လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရဲ့ ထောက်ခံစာပါမှ သွားလာခွင့်ပြုဖို့၊ မော်ချီးဒေသတွင်း ဖြစ်ပွားတဲ့ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေရဲ့ ဓါတ်ပုံ၊ ဗီဒီယိုတွေကို အွန်လိုင်းပေါ် တင်ဖို့ကို လုံးဝ ခွင့်မပြုကြောင်းလည်း ပါရှိပါတယ်။

ဒါ့အပြင် တစ်လအတွင်း လူစုလူဝေး၊ ပွဲလမ်းသဘင်နဲ့ ဘာသာရေးပွဲတွေကို ခွင့်မပြုကြောင်း၊ ကျေးရွာနဲ့ ရပ်ကွက်တွေအတွင်းကို ည ၈ နာရီနောက်ပိုင်း အကြောင်းမဲ့ ဖြတ်သန်းသွားလာခွင့်မပြုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ- KNDF
June 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့မတ်လနဲ့...
June 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာတရွာမှာ ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့...
မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...
June 2, 2026
ပြီးခဲ့တဲ့ မေလ ၁လအတွင်း၊ ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က ဘီလူးချောင်းမှာ ရေနစ်သေဆုံးမှုအပြင်...