ဝန်းသိုမှာ အမျိုးသမီးနဲ့ကလေးအပါအဝင် ၇ ဦးသတ်ဖြတ်ခံရ

ဝန်းသိုမှာ အမျိုးသမီးနဲ့ကလေးအပါအဝင် ၇ ဦးသတ်ဖြတ်ခံရ

ဓာတ်ပုံ - ဝန်းသိုမြို့နယ် အာမခံကျေးရွာတစ်ဝှိုက်မှာ စစ်ကောင်စီစစ်ကြောင်းထိုးရင်း သတ်ဖြတ်ခံရသူများ။

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်မှာ စစ်ကောင်စီတပ်က အမျိုးသမီး ၄ ဦးနဲ့ ကလေး ၂ ဦးအပါအဝင် ၇ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ KNG က စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ မနက်ပိုင်း ၄ နာရီလောက်မှာ ဝန်းသိုမြို့အဝင် အာမခံကျေးရွာတစ်ဝှိုက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရင်း အခုလိုသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာလို့ သိရပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ဆိုင်ကယ်နဲ့ နယ်လှည့်ဈေးရောင်းတဲ့ ဈေးသည်တွေဖြစ်ပြီး ဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့ အာမခံကျေးရွာဟာ ဝန်းသိုမြို့အဝင်မှာတည်ရှိသလို အဲ့ဒီဒေသတစ်ဝှိုက်ကို စစ်ကောင်စီက စိုးမိုးထားတာလို့ Kawlin Info က တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“ကလေးနှစ်ယောက်ပါတယ်။ ကလေးလေးတွေက ကျောပိုးအရွယ်ကလေးတွေ ကျောပိုးပြီးတော့ ဈေးရောင်းတာဖြစ်ပုံရပါတယ်။ နောက်မှသိရတာက အဲ့နားတစ်ဝှိုက်ကို စစ်ကြောင်းဖြတ်သွားတာလို့ သိရတယ်။ အဲ့ဒီနေရာက စကစတွေ ပျူစောထီးတွေ ဂိတ်တွေ အများကြီးရှိတဲ့နေရာဆိုတော့ တော်လှန်ရေးအဖွဲ့တွေ မသွားရဲဘူးဗျ” လို့ ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေကတော့ အသက် ၃၀ ကျော်အရွယ် မြို့သစ် ၁ ရပ်ကွက်က ကိုလင်း+မနန္ဒာလှိုင်နှင့် လသားကလေးငယ်တို့ မိသားစုအပါအဝင် စက်ဝင်းရပ်ကွက်မှ မအေးသူနှင့် တစ်နှစ်သားကလေးငယ်နဲ့ အသက် ၂၀ ကျော်အရွယ် မချစ်စု၊ မဝင်းရီတို့ သတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။

တစ်ဖက်မှာ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်လ်တွေမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အဆိုပါအရပ်သားတွေကို သတ်ဖြတ်ခဲ့တာလို့ ရေးသားနေကြပါတယ်။

“စစ်ကောင်စီရဲ့ ပေ့ချ်တွေမှာတော့ တင်ထားတာကြာပြီ။ ကျနော်တို့က သေချာအောင်စုံစမ်းနေတာ။ သူတို့ကတော့ ၂၇ ရက်နေ့လောက်ကတည်းက တင်တာပေါ့။ ကျနော်တို့ကတော့ စုံစမ်းနေလို့ နောက်ကျသွားတယ်။ ပြီးတော့ အဲ့နားက ကျနော်တို့အဖွဲ့တွေ လက်လှမ်းမမှီဘူးဗျ။ သူတို့စိုးမိုးနယ်မြေဆိုတော့ စုံစမ်းရတာခက်တယ်” လို့ KawlinInfo က ဆက်ပြောပါတယ်။

ဝန်းသိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရင်း ခမရ ၁၂၀နဲ့ ခလရ ၁၁၁ တပ်ရင်းတွေ စစ်ရေးလှုပ်ရှားရာနယ်မြေတွေဖြစ်ပြီး ဒီသတ်ဖြတ်မှုကို ကျူးလွန်သွားတာကတော့ ဘယ်လက်အောက်ခံတပ်ရင်းဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဝန်းသိုမြို့နယ်အတွင်း ဖောင်းပြင်မြို့နယ်က စစ်ကောင်စီတပ်တွေကိုလည်း အင်အားဖြည့်တင်းထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကလည်း ဝန်းသိုမြို့နယ်က နမ်းခမ်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၂၆ ဦးအထိ သေဆုံးခဲ့ရပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့မတ်လ ၁ လအတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် အမျိုးသမီး ၆၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီသမဂ္ဂ BWU က ထုတ်ပြန်ချက်အရ သိရပါတယ်။

March 14, 2026
KBZ Pay ကို အကြောင်းပြပြီး ငွေလိမ်လည်သူတွေများလာတာကြောင့် အသုံးပြုသူတွေဟာ ငွေကြေးလုံခြုံရေးအပေါ်...
မြစ်ကြီးနား - ဗန်းမော်ကားလမ်းပေါ် နမ်ဆန်ကျေးရွာအနောက်ဘက်ခြမ်း တရုတ်လုပ်ငန်းရှင်တွေ သံသတ္တုရိုင်းတူးဖော်နေတဲ့မြင်ကွင်း
March 13, 2026
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတချို့မှာ တိုးချဲ့လာတဲ့...
စင်းခန်းကျေးရွာအနီး ရွှေဖော်လုပ်ကိုင်နေတဲ့ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့မြင်ကွင်း
March 12, 2026
ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေကို...
March 11, 2026
အာဏာသိမ်းစစ်တပ် ပြုလုပ်ခဲ့တဲ့ ၂၀၂၆ ရွေးကောက်ပွဲရလဒ်အတိုင်း မတ်လ ၂၀ ရက်နေ့မှာ တိုင်းဒေသကြီး နှင့်...