ဗလမင်းထင်တံတားမှာ အရပ်သားတွေကို ဖမ်းဆီးရိုက်နှက်တာတွေရှိနေ

ဗလမင်းထင်တံတားမှာ အရပ်သားတွေကို ဖမ်းဆီးရိုက်နှက်တာတွေရှိနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်မြစ်ကူးတံတားမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြစ်ကြီးနား – ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်မြစ်ကူးတံတားမှာ ဒီရက်ပိုင်း ဖမ်းဆီးရိုက်နှက်တာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“ဒီရက်ပိုင်း အဲတံတားမှာ ဖမ်းခံရတာ ၃ ယောက်ရှိပြီ။ ဘာလို့ဖမ်းလဲ ဘာကြောင့်ဖမ်းလဲဆိုတာတော့ မသိရဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဧပြီလ ၂၅ ရက်နေ့ ဆဒုံးဘက်ကနေ မြစ်ကြီးနားဘက်ကိုဆင်းလာတဲ့ အသက် ၃၀ ဝန်းကျင်ရှိ ဇော်ခမ်အောင်နဲ့ ဧပြီလ ၂၇ ရက်နေ့ ချီဖွေကနေ မြစ်ကြီးနားဘက်ဆင်းလာတဲ့ နောက်ထပ် လူငယ် ၂ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီလ ၂၇ ရက် ညနေပိုင်းမှာလည်း နောက်ထပ် အမျိုးသားနှစ်ဦး ဗလမင်းထင် (ဝိုင်းမော်ဘက်ခြမ်း) ရှိ ဂိတ်မှာ ရိုက်နှက်ခံရလို့ တစ်ဦးသေဆုံးပြီး နောက်ထပ်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားတယ်လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိတဲ့ အမျိုးသားတစ်ဦးပြောပါတယ်။

“တံတားအစွန်မှာ ဂိတ်တွေရှိတယ် ကားနဲ့လာတဲ့ လူငယ်နှစ်ယောက်က အဲဂိတ်လုပ်ထားတဲ့နေရာ နည်းနည်းဝင်တိုက်မိသလို ဖြစ်သွားတာထင်တယ်။ ကားကနေ ကပျာကယာဆင်းလာကြတာ အဲမှာ ရိုက်နှက်ခံရတာပဲ” လို့ ပြောပါတယ်။

ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခံရတဲ့ လူငယ်နှစ်ဦးဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာသိရပေမယ့် အမည်နာမဖော်ပြဖို့ မိသားစုက ခွင့်မပြုတဲ့တွက်ဖော်ပြဖို့ အဆင်မပြေသေးပါဘူး။

ဒ့ါအပြင် ဖမ်းဆီးခံရသူတွေရဲ့ အခြေနေလည်းသိရဖို့ ခက်ခဲနေပါတယ်။

ဒေသခံပြည်သူတွေပြောတာက ဗလမင်းထင်တံတားမှာစောင့်တဲ့ စစ်ကောင်စီတပ်ဟာ ယခင်က ဆိုင်ကယ်နဲ့သွားလာတဲ့ပြည်သူတွေကို တားဆီးစစ်ဆေးတာ သိပ်မရှိပေမယ့် ဒီရက်ပိုင်း၊ ဆိုင်ကယ်၊ ကား အားလုံးကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဗလမင်းထင်တံတားမှာ ပြီးခဲ့တဲ့ မတ်လမှာလည်း လိုင်ဇာဘက်ကနေ မြစ်ကြီးနားဘက်လာတဲ့ ကားတစ်စီးတားဆီး စစ်ဆေးခံရပြီး အမျိုးသား ၅ ဦးဖမ်းဆီးခံရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ဖုန်း၊ အင်တာနက်လိုင်းအခက်ခဲကြောင့် အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားမှာ စစ်ကောင်စီတပ်ဘက်က မနက် ၆ နာရီကနေ ညနေ ၇ နာရီထိသာ ဖြတ်သန်းခွင့်ပြုထားပါတယ်။

March 14, 2026
KBZ Pay ကို အကြောင်းပြပြီး ငွေလိမ်လည်သူတွေများလာတာကြောင့် အသုံးပြုသူတွေဟာ ငွေကြေးလုံခြုံရေးအပေါ်...
မြစ်ကြီးနား - ဗန်းမော်ကားလမ်းပေါ် နမ်ဆန်ကျေးရွာအနောက်ဘက်ခြမ်း တရုတ်လုပ်ငန်းရှင်တွေ သံသတ္တုရိုင်းတူးဖော်နေတဲ့မြင်ကွင်း
March 13, 2026
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတချို့မှာ တိုးချဲ့လာတဲ့...
စင်းခန်းကျေးရွာအနီး ရွှေဖော်လုပ်ကိုင်နေတဲ့ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့မြင်ကွင်း
March 12, 2026
ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေကို...
March 11, 2026
အာဏာသိမ်းစစ်တပ် ပြုလုပ်ခဲ့တဲ့ ၂၀၂၆ ရွေးကောက်ပွဲရလဒ်အတိုင်း မတ်လ ၂၀ ရက်နေ့မှာ တိုင်းဒေသကြီး နှင့်...