ကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီက စက်တပ်လေထီးများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာ

ကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီက စက်တပ်လေထီးများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာ

ပုံစာ - မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် ပါရာမော်တာတစ်စီးကို ယခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ။

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက စက်တပ်လေထီး (Paramotor) များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေကြောင်း သိရသည်။

စက်တပ်လေထီးများကို မတ်လ တတိယပတ်ကစ၍ ကျောက်ဖြူမြို့ပေါ်  ပြင်ဖြူမော်နှင့် ငလပွေ့ရပ်ကွက်တို့တွင် လေ့ကျင့်စမ်းသပ်ခဲ့ပြီး ဧပြီလ အစောပိုင်းကစ၍ စစ်မြေပြင်တွင် နေ့စဉ် အသုံးပြုတိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။

“အရင်ဦးဆုံး မြို့ပေါ်ရပ်ကွက်တွေမှာ လေ့ကျင့်ပျံသန်းမှုတွေ ရက်ပေါင်းတစ်ဆယ်ကျော်လောက်လုပ်တယ်။ တိုက်ခိုက်ရေးမှာ စပြီးအသုံးပြုတာကတော့ ဧပြီလ အစောပိုင်းလောက်မှာဖြစ်တယ်။ အခုဆိုရင် အဲဒီလေထီးနဲ့ နေ့တိုင်းနီးပါး ဗုံးတွေကြဲချနေတာ ဗုံးကွဲတဲ့အသံကလည်း တော်တော်အသံကျယ်တယ်” ဟု ကျောက်ဖြူမြို့နယ် ကုလာဘာ ကျေးရွာသားတစ်ဦးက ပြောသည်။

စက်တပ်လေထီးများဖြင့် လူနေကျေးရွာများကိုပါ ဗုံးကြဲမှုများရှိနေပြီး ကုလာဘာ၊ ပြင်ရှည်၊ မလကျွန်းနှင့် သိုင်းချောင်းကျေးရွာတို့တွင် နေအိမ်ပျက်စီးမှု၊ ကျွဲ၊နွားများ ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း ၎င်းက ဆက်၍ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲအတွင်း စက်တပ်လေထီး နှစ်စီးထက်မနည်း အသုံးပြုနေခြင်းဖြစ်ပြီး အဓိက ညဘက်အချိန်တွင် ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း DMG က စုံစမ်းသိရသည်။

“ည ၉ နာရီလောက်ကနေ မိုးလင်းအာရုဏ် ၄ နာရီလောက်အထိ စက်တပ်လေထီးတွေကနေ ဗုံးကြဲချတယ်။ ညဆိုတော့ အသံလောက်ပဲကြားရပြီး မြင်ရတာမဟုတ်တော့ ဘယ်နှစ်စီးရှိတယ်ဆိုတာ အတိအကျ မသိရဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ၂ စီးထက်မနည်း လာပြီး ဗုံးကြဲနေတာတော့ သေချာတယ်” ဟု စစ်မြေပြင်အခြေနေသိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စက်တပ်လေထီးများကို ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်းကစ၍ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် နိုင်ငံအနှံ့ တွင်ကျယ်စွာ အသုံးပြုလာနေခြင်းလည်း ဖြစ်သည်။

အဆိုပါ စက်တပ်လေထီးများမှာ တစ်နာရီကို မိုင် ၆၀ ဝန်းကျင်ဖြင့် အမြင့်ပေ တစ်သောင်း (၁,၀၀၀၀) ကျော် ပျံသန်းနိုင်ပြီး လူ ၂ ဦး လိုက်ပါစီးနှင်းနိုင်သည့်အပြင် အလေးချိန်အားဖြင့် တစ်တန်နီးပါး ခံနိုင်ရည်ရှိသောကြောင့် အမြှောက်ဆံနှင့် လက်ပစ်ဗုံး မြောက်များစွာကို တင်ဆောင်နိုင်ကြောင်း သိရသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...