ဘီးလင်း၊ မင်းစောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် စစ်ကောင်စီက တန်ပြန်လွှင့်သည့် သတင်းအမှား

ဘီးလင်း၊ မင်းစောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် စစ်ကောင်စီက တန်ပြန်လွှင့်သည့် သတင်းအမှား

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်းစော (ဃောဖိုးပလယ်) ရွာ ဘုန်းကြီးကျောင်းကို ဧပြီလ ၁၉ ရက်နေ့က ဆွမ်းစားနေချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းရှိ ကိုရင်ကြီး၊ ကိုရင်လေးအပါအဝင် ဒကာမများ ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည့် သတင်းအပေါ် စစ်ကောင်စီ ဝါဒဖြန့်မီဒီယာက တန်ပြန်သတင်းအမှားလွှင့်လျက်ရှိသည်။

မွန်၊ ကရင် ဒေသ အဓိကစောင့်ကြည့် သတင်းအမှားဖော်ပြနေသည့် Subscriber ၁၃,၆၀၀ ကျော်ရှိသော Saw Ba Maung တယ်လီဂရမ်ချန်နယ်မှ ထိုသတင်းအမှားအား တန်ပြန်ရေးသားထားခြင်းဖြစ်ပြီး ၎င်းပို့စ်ကို ကြည့်ရှုသူ ထောင်နှင့်ချီ၍ ရှိသည်။

သတင်းအမှားလင့်ခ် ( http://archive.today/WGHEX )

အဆိုပါရေးသားဖော်ပြချက်ကို Myanmar Fact-Checking Network အဖွဲ့ဝင် Lagon Eain, KIC, The Red Flag တို့မှ စိစစ်ချက်အရ သတင်းအမှားဖြစ်သည်။

သတင်းအမှားဖြစ်ကြောင်း စိစစ်ခြင်း

Saw Ba Maung ချန်နယ်က ကေအိုင်စီသတင်းဌာနမှ ဧပြီလ ၁၉ ရက်နေ့စွဲဖြင့် တင်ဆက်သည့် “ဘီးလင်းမင်းစောရွာ ဘုန်းကြီးကျောင်း ဆွမ်းစားချိန် စစ်ကောင်စီဗုံးကြဲ၊ ၂ ဦးသေဆုံး” သတင်းမှာ မဟုတ်မမှန်ကြောင်း ကေအိုင်စီက တင်ထားသည့် သတင်းဓာတ်ပုံကို ကူးယူဖော်ပြထားသည်။

KIC ၏ မူရင်းသတင်းလင့်ခ် (https://www.facebook.com/share/p/15zennfdoB/)

မင်းစောရွာဘုန်းကြီးကျောင်းအား စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှင့် သံဃာတော်များ ထိခိုက်သေဆုံးမှုရှိသည့်အပေါ် လွတ်လပ်ပြီး သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်နေတဲ့ အခြားသတင်းဌာနများက ဖော်ပြချက်များနဲ့ တိုက်ဆိုင်စစ်ဆေးရာ အောက်ပါအတိုင်း တွေ့ရသည်။

စစ်ကောင်စီလေယာဥ်ပစ်ခတ်သဖြင့် ကိုရင်တစ်ပါးနှင့် အရပ်သား ၂ ဦးသေဆုံးခဲ့ရသည့်သတင်းကို Lagon Eain-လဂွန်းအိမ်စာစဥ်က ဧပြီလ ၁၉ ရက်နေ့တွင် ယခုလို သတင်းဖော်ပြသည်။

Lagon Eain ၏ သတင်းလင့်ခ် – https://www.facebook.com/share/p/1AQm24dr4D/

လူသေဆုံးမှုအပြင် သံဃာတော်များ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်နေတဲ့ မွန်သတင်းအေဂျင်စီ – IMNA, သံလွင်တိုင်မ်းနှင့် Mizzima သတင်းဌာန ို့ကလည်း ဖော်ပြထားကြတာကို အောက်ပါလင့်များမှတဆင့် ကြည့်ရှုနိုင်ပါသည်။

IMNA – https://www.facebook.com/share/p/16L8vhqfgq/

သံလွင်တိုင်မ်း – https://www.facebook.com/share/p/1YJKohvu21/

Mizzima – http://bur.mizzima.com/2025/04/19/53687

ဖော်ပြပါ သတင်းဌာနများအပါအဝင် ကရင်စစ်ရှောင်ကူ အရပ်ဖက်အဖွဲ့တစ်ခုဖြစ်သည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် - KPSN ကလည်း စစ်ကောင်စီလေယာဥ်ကြောင့် အသက် ၉ နှစ်အရွယ် ကိုရင်လေးနှင့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦး သေဆုံးကြောင်း ဖော်ပြသလို မင်းစော (ဃောဖိုးပလယ်) ရွာ ကျောင်းသား/ကျောင်းသူများ လူမှုကွန်ရက်စာမျက်နှာကလည်း ကျောင်းပျက်ဆီးမှုအပေါ် ယခုလိုဖော်ပြသည်။

KPSN – https://www.facebook.com/share/p/15bsyGkzwq/

Khaw Poe Plah New Generations- https://www.facebook.com/share/p/1G3ZRsNRjY/

သုံးသပ်ချက်

တန်ပြန်သတင်းအမှားလွှင့်သည့် စစ်ကောင်စီ၏ ဖော်ပြချက်တွင် ၎င်းတို့အနေဖြင့် ဘာသာရေးအဆောက်အဦးများနှင့် အပြစ်မဲ့ အရပ်သားပြည်သူနေထိုင်ရာ မြို့၊ ရွာများကို ပစ်ခတ်တိုက်ခိုက်ခြင်းမရှိသော်လည်း မီဒီယာအားကိုးဖြင့် စစ်ကောင်စီအား အပြစ်ပုံချခြင်းဖြစ်သည်ဟု ဆက်စပ်ပြောဆိုသည်။

MFCN အဖွဲ့ဝင်များအနေဖြင့် အထက်ဖော်ပြပါအတိုင်း စိစစ်ကြည့်ရာတွင် သတင်းဖော်ပြပါ အကြောင်းအရာအပါအဝင် ဆက်စပ်ပြောဆိုမှုပါ မှားယွင်းကြောင်း တွေ့ရှိရသည်။

ယခု ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီက ဘာသာရေးအဆောက်အဦးများအပေါ် ဗုံးကြဲချတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာပြီး အနီးစပ်ဆုံးအနေဖြင့် ယခု ဧပြီ၊ သင်္ကြန်အကြတ်နေ့က စစ်ကောင်စီမှ ကော့ကရိတ်မြို့နယ်၊ ကမ်းနီဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးကြဲချသဖြင့် သံဃာတော်နှင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအိုင်စီက သတင်းဖော်ပြခဲ့ဖူးသည်။

KIC သတင်းလင့်ခ် – https://kicnews.org/2025/04/%E1

ထို့ကြောင့် Saw Ba Maung ၏ သတင်းဖော်ပြချက်တစ်ခုလုံးမှာ မှားယွင်းသော အကြောင်းအရာများဖြစ်ကြောင်း သုံးသပ်သိရှိရသည်။

April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...