ကရင်နီ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဗုံးအလုံးရေ (၁၅) လုံးကြဲချ၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဗုံးအလုံးရေ (၁၅) လုံးကြဲချ၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ယမန်နေ့ (မတ်လ ၁၁ ရက်) မှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီက ဗုံးအလုံးရေ ၁၅ လုံး ကြဲချခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ယမန့်နေ့ ည ၇ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာ နဲ့ ၃ကြိမ်လာရောက် ဗုံးကြဲခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီမနက်သွားကြည့်တော့ ပစ်ချထားတဲ့ နေရာက ဗုံးအလုံးရေ ၁၅ လုံးလောက်ရှိတယ်။ ပွိုင့် 8 နဲ့လည်း တစ်ခါပစ်သေးတယ်။ လူတစ်ယောက်တော့ ထိသွားတယ်။ ခြေထောက်မှာထိတယ်” လို့ သူကပြောပါတယ်။

ထိခိုက်ဒဏ်ရာရှိသွားသူ အမျိုးသားဟာ အသက် ၄၀ အရွယ်ဖြစ်ပြီး ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ကျန်ရှိနေတဲ့ ဗုံးအစတွေကို ကြည့်ပြီး လေယာဉ်ပေါ်က ကြဲချခဲ့တဲ့ ဗုံးသီးဟာ ပေါင် ၁၀၀ ဗုံးသီးဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်နေအိမ် ၄ လုံး ပျက်စီးသွားသလို အိမ်မွေး တိရိစ္ဆာန်တချို့လည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကြီးကြီးမားမားထိတာတော့ ၃ လုံး ၄ လုံးလောက်ထိတယ်။ ကျန်တဲ့ အိမ်တွေလည်း ထိတယ်။ ဒါပေမယ့် နည်းနည်းစီပဲထိတယ်” လို့ စစ်ရှောင် တစ်ဦးကပြောပါတယ်။

ဗုံးမကြဲခင် နေ့ခင်းပိုင်းမှာ စစ်ကောင်စီရဲ့ ကင်းထောက်ဒရုန်းတွေ၊ အဆက်မပြတ် လာရောက်ကင်းထောက်တာတွေ ရှိခဲ့တယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကလေးတွေ ပညာသင်နေတဲ့ စာသင်ကျောင်းတစ်ကျောင်းကိုလည်း လာရောက် ဗုံးကြဲခဲ့တာ ရှိပါတယ်။

Most read this week

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
February 12, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့...
February 11, 2026
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတစ်နေရာမှာ...
February 10, 2026
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ...
February 9, 2026
ပြီးခဲ့တဲ့နှစ်က ဒီးမော့ဆိုမြို့ပေါ် အနီးတစ်ဝိုက်မှာ စစ်ဘေးရှောင်ရင်း စပါး ၊ ပြောင်း...