စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါးအတွင်း နေအိမ်ပေါင်း တစ်သိန်းကျော် မီးလောင်ပျက်စီးခဲ့

စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါးအတွင်း နေအိမ်ပေါင်း တစ်သိန်းကျော် မီးလောင်ပျက်စီးခဲ့
တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားသည့် ပေါက်တောမြို့မှ နေအိမ်အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း တွေ့ရစဉ်။
တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားသည့် ပေါက်တောမြို့မှ နေအိမ်အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း တွေ့ရစဉ်။

၂၀၂၁ ခုနှစ်မှ ၂၀၂၄ နှစ်ကုန်အထိ အာဏာသိမ်း လေးနှစ်နီးပါးကာလအတွင်း စစ်ရေးပဋိပက္ခအတွင်း မြန်မာနိုင်ငံတဝန်းတွင် အရပ်သားနေအိမ် စုစုပေါင်း ၁၁၂,၄၈၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Data for Myanmar က ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်သည်။

ယင်းအထဲတွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် နေအိမ်ပေါင်း ၁၀၈,၆၄၅ လုံးအထိ ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

နေအိမ်မီးရှို့ခံရမှုမှာ စစ်ကိုင်းတိုင်းတွင် နေအိမ် ၇၅,၈၆၄ အထိရှိပြီး ၆၇ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။ ယင်းအပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်၊ ချင်းပြည်နှင့် တနင်္သာရီတိုင်းတို့တွင် အရပ်သားနေအိမ် ၃၃,၆၀၂ လုံးအထိ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

Data for Myanmar ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ရခိုင်အပါအဝင် ပြည်နယ်နှင့် တိုင်း ၉ ခုတွင် အရပ်သားနေအိမ် ၄၃,၂၃ လုံး မီးရှို့ခံခဲ့ရကြောင်း သိရသည်။

ယင်းအပြင် ၂၀၂၁ ခုနှစ်တွင် နေအိမ် ၂,၁၁၁လုံး၊ ၂၀၂၂ ခုနှစ်တွင် ၄၆,၈၅၆ လုံး၊ ၂၀၂၃ ခုနှစ်တွင် ၃၁,၆၃၃ လုံးနှင့် ၂၀၂၄ ခုနှစ်တွင် ၃၁,၈၈၅ လုံးအထိ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဘူးသီးတောင် မြို့ခံအမျိုးသမီးတစ်ဦးက “အိမ်က မီးရှို့ခံရတဲ့အထဲ ပါသွားပြီးတော့ မြေလောက်ပဲ ကျန်ခဲ့တယ်။ ပြီးတော့ ပစ္စည်းတွေလည်း အကုန်မီးလောင်သွားတော့ တစ်က ပြန်စရမယ့် အခြေအနေပေါ့။ ဒီကာလထဲ စီးပွားရေးလည်း အဆင်မပြေလို့ အိမ်ဆောက်ဖို့လည်း မတတ်နိုင်ဘူး” ဟု ပြောသည်။

စစ်ရေးပဋိပက္ခအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အရပ်သားနေအိမ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ရပ်တန့်ရန် Data for Myanmar က တောင်းဆိုထားသည်။

ယင်းအပြင် စစ်ကျင့်ဝတ်များကိုလိုက်နာရန် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း ဖိအားပေး တိုက်တွန်းသင့်ကြောင်း တိုက်တွန်းထားသည်။

“ဒီလူတွေဟာ မြန်မာနိုင်ငံထဲက နိုင်ငံသားတွေဖြစ်တယ်။ ဒီနိုင်ငံသားတွေအပေါ်မှာ ဒီလိုလုပ်တာက ပြောစရာ စကားလုံးတောင်မရှိဘူးပေါ့။ အစကတည်းက စစ်တပ်ဟာ အင်မတန်ရက်စက်ယုတ်မာတဲ့ စစ်တပ်တစ်ခုပဲ။ မြန် မာ့ ပေတံနဲ့ပဲ တိုင်းတိုင်း၊ ကမ္ဘာ့ပေတံနဲ့ပဲ တိုင်းတိုင်း တကယ်ကို ရက်စက်ကြမ်း ကြုတ်တဲ့ စစ်တပ်ဖြစ်တယ်။ ဒီလိုပုံစံမျိုးနှင့် ပြည်သူလူထုကို နှိပ်စက်နေတော့ အခုဖြစ်နေတဲ့ အခင်းအကျင်းဟာ ပြည်သူလူထုရဲ့ ကျိန်စာသင့် နေတဲ့ စစ်တပ်တစ်ခုလို့ မြင်တယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

ပြည်သူများအနေဖြင့် မီးရှို့ခံခဲ့ရသည့် ကျေးရွာများအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ရာတွင် မိုင်းအန္တရာယ်အပါအဝင် စစ်ကျန်လက်နက်များနှင့်ပတ်သက်၍ လုံခြုံရေးစိတ်ချရမှသာ ပြန်လည်ဝင်ရောက်သင့်ကြောင်း Data for Myanmar က အကြံပြုထားသည်။

ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung (Facebook)
June 17, 2026
ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း မြစ်ချောင်းပေါများသည့် ဒေသဖြစ်ပြီး ခရီးသွားလာရေးတွင်...
ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...