စံကားမြို့ရှိ စစ်ဘေးရှောင် ၅၀၀ ထဲမှ ကလေးငယ်များအတွက် ကျန်းမာရေး အကူအညီလိုအပ်

စံကားမြို့ရှိ စစ်ဘေးရှောင် ၅၀၀ ထဲမှ ကလေးငယ်များအတွက် ကျန်းမာရေး အကူအညီလိုအပ်

သျှမ်းပြည် ညောင်‌ရွှေမြို့နယ် စံကားမြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ထဲမှ ကလေးငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ နောက်ဆုံးပတ်မှစတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ညောင်ရွှေ – ပင်လောင်း – ဖယ်ခုံမြို့နယ် အစပ်တို့တွင် စစ်ရေးတင်းမာမှုကြောင့် စံကားမြို့အတွင်းသို့ စစ်ဘေးရှောင် ၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင်လာခဲ့ရ‌သည်။

လက်ရှိ စံကားမြို့ပေါ်တွင် ရောက်‌ရှိနေသည့် စစ်ဘေးရှောင် ကလေးငယ်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်မှစ၍ ရာသီအကူးအပြောင်းကြောင့် ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခြင်းတို့ ကြုံတွေ့နေရသည့်အပြင် သွေးအကူအညီများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရာသီအပြောင်းအလဲကြောင့် နေမကောင်း ဖြစ်နေကြတာပေါ့။ ကျမတို့ဆီမှာ ကျန်မာရေးအကူအညီ ရနေတာမျိုး မရှိဘူး။ တချို့ကလေးတွေက ဖျားလို့ ဆေးရုံးတက်နေရတာ ရှိတယ်၊ ဝမ်းလျှောနေကြတာ တချို့ကလေးတွေက ကျန်းမာ‌ရေးမကောင်းလို့ သွေးသွင်းနေရတာ ရှိတယ်။ သွေးကင်ဆာ ဖြစ်နေတဲ့ ကလေးအတွက်ကလည်း သွေးတွေလိုအပ်တဲ့ အကူအညီက ရှိပြန်တယ်” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များသည် နီးစပ်ရာ ဆွေမျိုးများ၊ ပြောင်းပွဲရုံနှင့် ဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေး တိမ်းရှောင်နေရသည့်အတွက် နေရာထိုင်ခင်းအပြင်၊ စားသောက်ရန် အခက်အခဲများ ကြုံတွေ့နေရပြီး အကူအညီများလည်း လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများမှာ ဘုရားတောင်၊ လွယ်နွဲ့၊ ရေပူ၊ ညောင်လေးပင်၊ နန်းတုတ်၊ ကုန်းသာ၊ အိမ်မူ၊ တောင်ပို့ကွဲ၊ ဟိုပန် စသည့် ကျေးရွာဒေသခံများဖြစ်ပြီး လူဦးရေ (၃) ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မှော်ဘီကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလမှစ၍ ယခု ဖေဖော်ဝါရီ လလယ်အထိ (၅) လကျော်ကြာ ဆန်၊ ဆီနှင့် ဆေးဝါးတို့အပြင် အိမ်သုံး စက်သုံးဆီပုံးများကိုပါ သယ်ဆောင်ခွင့်မပြုကြောင်း ဒေသခံများက ပြောသည်။

January 19, 2026
စိုင်းဟန်လင်း —ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို...
January 17, 2026
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော်အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး...
January 16, 2026
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့်...
January 15, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်...