နောင်ချိုမြို့နယ် တောင်းခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ပြော

နောင်ချိုမြို့နယ် တောင်းခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ပြော

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ တောင်းခမ်းအမြောက်တပ်ရင်းများကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) နေ့လယ် ၁ နာရီခွဲတွင် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တောင်ရှည်ရွာနှင့် မန်မော်ရွာကြား စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် TNLA တပ်သား (၁၀) ဦး ထိခိုက်ဒဏ်ရာရပြီး (၄) ဦး ဒဏ်ရာပြင်းထန်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

၎င်းအဆိပ်ငွေ့ဗုံးကြောင့် TNLA တပ်သားများမှာ မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်းနှင့် အောက်ဆီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲကာလအတွင်း နိုင်ငံတကာမှ တားမြစ်ထားသည့် အဆိပ်ငွေ့ဗုံးကို အသုံးပြုကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေကြောင်း TNLA က ပြောသည်။

နောင်ချိုမြို့နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံးဖြင့် ပြန်လည်တိုက်ခိုက်သည်မှာ တတိယအကြိမ်ဖြစ်ပြီး ယမန်နှစ် ၂၀၂၄ ဇူလိုင်လ ပထမပတ်ကလည်း အမြောက်တပ်-၆၀၆ တပ်ရင်းကို TNLA တိုက်ခိုက်နေစဉ် အဆိပ်ငွေ့ဗုံး (၂) ကြိမ် အသုံးပြုခဲ့သည်။

ထို့အပြင် “၁၀၂၇ စစ်ဆင်ရေး” အစပိုင်းတွင် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းနှင့် လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းတို့ကို TNLA တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြု၍ တိုက်ခိုက်ခဲ့ဖူးကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁၆) ရက်မှ (၁၇) ရက်အထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီနှင့် TNLA နှစ်ဘက်တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်မှ TNLA ထိန်းချုပ်နယ်မြေထဲ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အမျိုးသမီး (၄) ဦးနှင့် ကလေးတစ်ဦး အပါအဝင် စုစုပေါင်း (၇) ဦး သေဆုံးကာ (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...