မင်းကင်းမြို့မှာ မြို့နယ်ဆရာဝန်မရှိနေဘဲ ဒေသခံတွေအနေနဲ့ ကလေးမြို့ကိုသာ အားထားနေကြရ

မင်းကင်းမြို့မှာ မြို့နယ်ဆရာဝန်မရှိနေဘဲ ဒေသခံတွေအနေနဲ့ ကလေးမြို့ကိုသာ အားထားနေကြရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့အတွင်းမှာ ယခင်ကရှိခဲ့တဲ့ မြို့နယ်ဆရာဝန်တစ်ဦးဟာ  တာဝန်ထမ်းဆောင်ခြင်း မရှိတော့တာကြောင့် ပြင်းထန်တဲ့ ကျန်းမာရေးကိစ္စရပ်များအတွက် ကလေးမြို့သို့သာ သွားရောက်ကုသကြရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

မင်းကင်းမြို့ပေါ် နေထိုင်သူတစ်ဦးက “ဖျားတာနာတာလောက်ပဲပါ့ ခွဲစိတ်တာဘာညာတော့ မရဘူး။ လွှဲရမယ့်ဟာဆို လွှဲတာပေါ့။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားနိုင်တဲ့သူတွေကျတော့လည်း သွားကြတာပေါ့၊ သွားမရတဲ့သူတွေကျ ဒီအတိုင်း နေနေရတာပါ့။ တောင်းတာကို ချမပေးဘူး။ လာမယ့်ဆရာဝန်တွေက အလုပ်ထွက်ကုန်ကြတာလေ” ဟု ရှမ်းနီအသံကို ပြောပြပါတယ်။

လစ်လပ်သွားတဲ့ ဆရာဝန်နေရာမှာ ဆရာဝန်တောင်းဆိုခဲ့ပေမယ့် ရောက်ရှိလာခြင်းမရှိသေးသလို မင်းကင်းမြို့နယ်အတွင်းက နှစ်ဖက်တိုက်ပွဲပြင်းထန်မှုတွေကြောင့် အခုလို ဆရာဝန်များ လာရောက်တာဝန်ထမ်းဆောင်ခြင်း မရှိတာဖြစ်ကြောင်း ဒေသခံများက ဆိုကြပါတယ်။

မြို့ပေါ်နေထိုင်တဲ့ ဒေသခံတွေအပြင် မြို့နယ်အတွင်းရှိ ကျေးရွာဒေသခံအားလုံး ကလေးဝ၊ ကလေးမြို့များသို့သာ သွားရောက်ကုသနေကြရပြီး လမ်းခရီး အခက်အခဲများစွာရှိနေကြတယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ်ရဲ့ (၂၀၂၃) ခုနှစ် ဒေသဆိုင်ရာ အချက်အလက်အရ လူဦးရေ (၁) သိန်းကျော်အတွက် ကုတင် (၅၀) ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေရောဂါကုဆရာဝန် (၁) ဦး၊ သူနာပြု (၅) ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကနေစပြီး သူနာပြုများဖြင့်သာ လည်ပတ်နေကြရတာလည်း ဖြစ်ပါတယ်။

မြို့နယ်အတွင်းမှာတော့ တီဘီရောဂါ အဖြစ်များပြီး (၂၀၂၃) ခုနှစ်အတွင်းမှာ (၂) ဦး သေဆုံးခဲ့တာကို ဒေသဆိုင်ရာ အချက်အလက်စာရင်းအရ သိရပါတယ်။

March 25, 2026
လေယာဉ်ဆီအခက်အခဲတွေကြောင့် မြန်မာနိုင်ငံအတွင်း ပြေးဆွဲနေကြတဲ့ MAI နဲ့ MNA လေကြောင်းလိုင်း တို့က...
March 24, 2026
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ စစ်ကော်မရှင်တပ်တွေနဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကြားမှာ...
March 23, 2026
ထီးချိုင့် — စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်းက တရုတ်နိုင်ငံရဲ့...
March 21, 2026
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ အင်းမြှီးဒေသအတွင်းကို ကုန်စည်အပါအဝင်...