တနင်္သာရီတွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနေ၍ ကုန်တင်ယာဉ်တစ်ချို့ ပြေးဆွဲမှုရပ်နား

တနင်္သာရီတွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနေ၍ ကုန်တင်ယာဉ်တစ်ချို့ ပြေးဆွဲမှုရပ်နား

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များ၌ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာခြင်းကြောင့် လိုင်စင်မဲ့ကုန်တင်ယာဉ်အများစု ကုန်သယ်ယူပို့ဆောင်မှု ရပ်နားထားသည်ဟု ကုန်တင်ယာဉ်မောင်းများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းမှစ၍ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ကားလမ်းမတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ၌ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုများ လုပ်ဆောင်လာသည်ဟု အဆိုပါလမ်းပိုင်းတွင် ကုန်တင်ယာဉ်မောင်းနေသူတစ်ဦးက ယခုလိုပြောသည်။

“အရင်ကတော့ မှတ်ပုံတင်တွေရယ်၊ ထောက်ခံစာတွေရယ် ဒါတွေကို အဓိကစစ်တယ်။ အခုနောက်ပိုင်းမှ အဲ့တာတွေထက် လိုင်စင်မဲ့ယာဉ်တွေကိုစစ်ပြီး ဖမ်းတာတွေကို လုပ်လာတယ်။ လိုင်စင်မရှိတဲ့ ကုန်တင်ကားတွေကတော့ အခြေနေစောင့်ကြည့်ပြီး ကုန်တင်ကားမောင်းတာတွေကို ရပ်ထားရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါလမ်းပိုင်းတွင် ယခင်က ခရီးသည်များ၏ မှတ်ပုံတင်၊ ခရီးသွားထောက်ခံစားများကိုသာ တောင်းယူစစ်ဆေးလေ့ရှိပြီး ယခုနောက်ပိုင်း လိုင်စင်မဲ့ယာဉ် စစ်ဆေးဖမ်းဆီးမှုအပြင် ဖမ်းဆီးကာ ငွေတောင်းခံမှုများကိုလည်း လုပ်ဆောင်လျက်ရှိသည်ဟု အခြားဒေသခံ ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

“ဒီလိုဖမ်းတာမျိုးတော့ မကြားဖူးဘူး။ သူတို့ကန့်သတ်ထားတဲ့ ပစ္စည်းတွေတင်မိရင်လည်း တောင်းတဲ့ငွေကို ပေးရတယ်။ လိုင်စင်မဲ့ ဆိုင်ကယ်တွေရော အကုန်ပါတယ်ဆိုတော့ အသွားအလာနည်းသွားတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ကုန်တင်ကားမောင်းလုပ်ငန်းတစ်ချို့ ရပ်နားလိုက်သောကြောင့် တနင်္သာရီမြို့ပေါ်တွင် ကုန်ဈေးနှုန်းကြီးမြှင့်လာခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်တွင် ပုဇွန်တံဆိပ် စားအုန်းဆီ တစ်လီတာတစ်ဘူးလျှင် ၆,၀၀၀ ကျပ်ဝန်းကျင်ရှိနေရာမှ လက်ရှိအချိန်တွင် ၁၀,၀၀၀ ကျပ်ဝန်းကျင်၊ ဆန်ကြမ်း တစ်အိတ်လျှင် ၉၀,၀၀၀ ကျပ်ဝန်းကျင်ရှိရာမှ ၁၁၀,၀၀၀ ကျပ်အထိ ဈေးတက်လာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ထို့အပြင် တနင်္သာရီမြို့ပေါ်မှ ကျေးရွာများဘက်သို့ စားသောက်ကုန်၊ ရိက္ခာသယ်ယူမှုများအပေါ် စစ်ကောင်စီက ကန့်သတ်ထားသည်ဟုလည်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

February 28, 2026
“စစ်ရှောင်တွေက အရမ်းကို အခက်အခဲ ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ရပ်တည်ဖို့က လုံးဝကို...
Photo: KHRG
February 27, 2026
မိုင်းနှင့်ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူအများဆုံး ကမ္ဘာ့(၁၁...
February 26, 2026
မြဝတီမြို့တောင်ဘက် ဖလူး-မဲကနယ်တောလမ်းတစ်နေရာတွင် သွားလာနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်...
Photo: KNU
February 25, 2026
ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄...