ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ၁ လသား ကလေးငယ်အပါအဝင် ၆ ဦးသေဆုံး၊ ၃ ဦးထိခိုက်ဒဏ်ရာ

ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ၁ လသား ကလေးငယ်အပါအဝင် ၆ ဦးသေဆုံး၊ ၃ ဦးထိခိုက်ဒဏ်ရာ

ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်) ၊ ညနေပိုင်း ၃နာရီအချိန်မှာ စစ်ကောင်စီရဲ့ ဖယ်ခုံအခြေစိုက် ခမရ ၄၂၁ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းက ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁လသား ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး ထိမှန်သေဆုံးခဲ့သလို ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

“လက်နက်ကြီးလည်း ၁၀ လုံးထက်မနည်း ဆက်တိုက်ကျနေ‌တော့ စစ်ဘေးရှောင်တွေက ပုန်းခိုလို့မမှီဘူးပေါ့နော။ အဲ့ကြောင့် ပွဲချင်းပြီးသေဆုံးတာတော့ ၆ ယောက်ရှိတယ်။ ၃ ယောက်ကျတော့ ထိခိုက်ဒဏ်ရာရတယ်ပေါ့နော” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၁ လသားအရွယ် မိန်းကလေးငယ်တစ်ဦး ၊ ၁ နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦး၊ ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်အရွယ်မသိရသူ အမျိုးသမီးတစ်ဦး နဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးတို့ လက်နက်ကြီးထိမှန်သေဆုံးခဲ့တာပါ။

ဒဏ်ရာရသူ ၃ ဦးကတော့ အသက် ၂၀ အရွယ် အမျိုးသား တစ်ဦး၊ အသက် ၂၄ အရွယ် အမျိုးသမီး တစ်ဦး နဲ့ အသက် ၁၂ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူအားလုံးက ကျေးရွာခံ နဲ့ စစ်ရှောင်စခန်းတစ်ခုထဲမှာ နေထိုင်တဲ့သူတွေဖြစ်ပါတယ်။

မိုးဗြဲမြို့ ဒေသခံတစ်ဦးကတော့ တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဖယ်ခုံမြို့နယ်အတွင်းကို စစ်ကောင်စီက လက်နက်ကြီး မကြာခဏ ပစ်ခတ်လေ့ရှိတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ပြောပါတယ်။

ယခုနိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်အတွင်းက အရပ်သားနေထိုင်ရာနေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ၁၀နှစ်အောက် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ၁၂ဦး ထိမှန်သေဆုံးခဲ့ရပါတယ်။

May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...