ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ၁ လသား ကလေးငယ်အပါအဝင် ၆ ဦးသေဆုံး၊ ၃ ဦးထိခိုက်ဒဏ်ရာ

ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ၁ လသား ကလေးငယ်အပါအဝင် ၆ ဦးသေဆုံး၊ ၃ ဦးထိခိုက်ဒဏ်ရာ

ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်) ၊ ညနေပိုင်း ၃နာရီအချိန်မှာ စစ်ကောင်စီရဲ့ ဖယ်ခုံအခြေစိုက် ခမရ ၄၂၁ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းက ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁လသား ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး ထိမှန်သေဆုံးခဲ့သလို ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

“လက်နက်ကြီးလည်း ၁၀ လုံးထက်မနည်း ဆက်တိုက်ကျနေ‌တော့ စစ်ဘေးရှောင်တွေက ပုန်းခိုလို့မမှီဘူးပေါ့နော။ အဲ့ကြောင့် ပွဲချင်းပြီးသေဆုံးတာတော့ ၆ ယောက်ရှိတယ်။ ၃ ယောက်ကျတော့ ထိခိုက်ဒဏ်ရာရတယ်ပေါ့နော” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၁ လသားအရွယ် မိန်းကလေးငယ်တစ်ဦး ၊ ၁ နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦး၊ ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်အရွယ်မသိရသူ အမျိုးသမီးတစ်ဦး နဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးတို့ လက်နက်ကြီးထိမှန်သေဆုံးခဲ့တာပါ။

ဒဏ်ရာရသူ ၃ ဦးကတော့ အသက် ၂၀ အရွယ် အမျိုးသား တစ်ဦး၊ အသက် ၂၄ အရွယ် အမျိုးသမီး တစ်ဦး နဲ့ အသက် ၁၂ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူအားလုံးက ကျေးရွာခံ နဲ့ စစ်ရှောင်စခန်းတစ်ခုထဲမှာ နေထိုင်တဲ့သူတွေဖြစ်ပါတယ်။

မိုးဗြဲမြို့ ဒေသခံတစ်ဦးကတော့ တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဖယ်ခုံမြို့နယ်အတွင်းကို စစ်ကောင်စီက လက်နက်ကြီး မကြာခဏ ပစ်ခတ်လေ့ရှိတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ပြောပါတယ်။

ယခုနိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်အတွင်းက အရပ်သားနေထိုင်ရာနေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ၁၀နှစ်အောက် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ၁၂ဦး ထိမှန်သေဆုံးခဲ့ရပါတယ်။

January 26, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဝါဘန်းပလို (Leadership Promotion Department –...
January 23, 2026
ကရင်နီပြည်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် သုံးခုမှာ အမည်စာရင်းတင်သွင်းထားတဲ့ ရွေးကောက်ခံ...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 22, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး...
ဓာတ်ပုံ - Thai PBS North
January 21, 2026
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ မနက် ၁ နာရီဝန်းကျင်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...