စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး ဆွေးနွေးရန်အသင့်ရှိကြောင်း TNLA ထုတ်ပြန်

စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး ဆွေးနွေးရန်အသင့်ရှိကြောင်း TNLA ထုတ်ပြန်
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ‌ရှေ့တန်းစစ်မြေပြင်တွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - TNLA)
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ‌ရှေ့တန်းစစ်မြေပြင်တွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - TNLA)

လက်ရှိဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများအပေါ် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရန် အသင့်ရှိနေကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေး၊ ပြင်းထန်သည့် တိုက်ပွဲများကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာခံစားနေကြရသည့် ဒေသခံများအား ငှဲ့ညာထောက်ထားခြင်းနှင့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို လေးစားခြင်းတို့ကြောင့် နှစ်ဖက်စစ်ရေး ပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် အသင့်ရှိကြောင်း ထုတ်ပြန်ထားသည်။

“စစ်ဘေးဒဏ် အလူးအလဲခံစားနေတဲ့ ပြည်သူလူထုကို ထောက်ထားညှာတာနဲ့အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အမြဲအသင့်ရှိတယ်” ဟု TNLA က ဆိုသည်။

စစ်ရေးပဋိပက္ခများကိုအဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည်ဆောက်ရန် တရုတ်၏ ကြားဝင်စေ့စပ်မှုကို အပြုသဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပြီး ကောင်းမွန်သည့်ရလဒ်များရရှိစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသူတစ်ဦးက “ TNLA ရဲ့ ထုတ်ပြန်ချက်က တရုတ်ကျေနပ်အောင်လောက်ပဲ ထင်တယ်။ ဆွေးနွေးဖို့ကိစ္စက မဖြစ်နိုင်ဆိုတာကို TNLA ရော၊ စစ်ကောင်စီရော၊ တရုတ်ဘက်ကရော နားလည်ထားတယ်။ ဒါပေမယ့် TNLA ထိုးစစ်တော့ ရပ်သွားမှာပေါ့” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းများအား တိုက်ထုတ်နိုင်ခဲ့သော်လည်း စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်နေသည်ဟုလည်း ထုတ်ပြန်ချက် ဖော်ပြသည်။

“မြင်တာကတော့ ထုတ်ပြန်ချက်ထဲမှာ TNLA က တအောင်းပြည် (ရှမ်းပြည်)မှာ စစ်ကောင်စီ ကင်းစင်သွားပြီလို့ ယူဆရတယ်။ အဲဒါကြောင့် တိုက်ခိုက်ရေး အပိုင်းပြီးပြီလို့ ယူဆတယ်ပေါ့။ နိုင်ငံရေးအရ ဆက်ပြီး တိုက်ခိုက်မယ်ထင်တယ်။ တရုတ်ကလည်း တက်တက်ကြွကြွပါဝင်နေတော့ သူတို့အတွက် အခွင့်အရေးပေါ့” ဟု စာရေးဆရာ ဝေဟင်အောင်က သုံးသပ်သည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးဒေသက မြို့ပေါင်း ၁၀ ကျော် ကို သိမ်းပိုက်ထားပြီး လက်ရှိတွင်လည်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသည်။

တအာင်းလူမျိုးများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန်နှင့် တအောင်းပြည်နယ်ရရှိရန် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်ရန် တိုင်းရင်းသား မြန်မာပြည်သူလူထုနှင့် အတူတကွတည်ဆောက်ရန် အမြဲတစေ ကြိုးပမ်းနေကြောင်း TNLA က အသိပေးထားသည်။

March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...
March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...
အမ်း - ပဒါန်းလမ်းပိုင်းတွင် ပျက်စီးနေသော စစ်ကောင်စီ ယာဉ်အား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Myanmar Now
March 26, 2026
မကွေး - ရခိုင်အစပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်အင်အား၊ လက်နက်ခဲယမ်း...
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 25, 2026
နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ရခိုင်ပြည်ရှိ စုံလင်ကွဲပြားသည့်...