ပလက်ဝမြို့နယ်တွင် အာရက္ခပညာရေးစနစ် ဖော်ဆောင်ရန် ပြင်ဆင်နေဟုဆို

ပလက်ဝမြို့နယ်တွင် အာရက္ခပညာရေးစနစ် ဖော်ဆောင်ရန် ပြင်ဆင်နေဟုဆို

ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန် ပြင်ဆင်နေကြောင်း ပလက်ဝဒေသခံများထံမှ သိရသည်။

“ ပလက်ဝမှာ လက်ရှိက အေအေရဲ့ အုပ်ချုပ်ရေးယန္ဒရား လည်ပတ်နေတယ်၊ ပြီးရင် ပညာရေးစနစ်ကို လုပ်ဆောင်နေတာပေါ့နော်။ ဘယ်လိုမျိုးလုပ်မလဲဆို‌တာတော့ အတိအကျမသိဘူး၊ လာမဲ့နှစ် ၂၀၂၅၊ ၁ လပိုင်းဆိုလို့ရှိရင် စပြီးလုပ်တော့မယ်ပေါ့နော်။ ဒီနှစ်ထဲမှာတော့ သူတို့ curriculum ( သင်ရိုးညွန်းတမ်း) တွေ အကုန်လုံးပြီးမယ်၊ ပုံနှိပ်တွေဘာတွေ အကုန်ရိုက်မယ်ဆိုတဲ့ဟာမျိုးကိုတော့ သိရတယ်။” ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

ထိုကဲ့သို့ အာရက္ခပညာရေးစနစ်ဖော်ဆောင်ရန်အတွက် ပလက်ဝမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း အငြိမ်းစားများအား လိုက်လံစည်းရုံးနေကြောင်းလည်း သိရသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံများသည် အာရက္ခတပ်တော်၏ ပညာရေးဖော်ဆောင်မည့်အစီစဉ်ကို လက်မခံကြသည့်အတွက် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိလာနေပြီဟု သိရသည်။

“ အဓိက ရခိုင်စာပေ၊ ရခိုင်သမိုင်းတွေသင်မယ်။ ပြီးတော့ ရခိုင်စကားကို အကုန်လုံးတတ်ရမယ်၊ ရခိုင်စကားနဲ့ပဲ အကုန်လုံးလွှမ်းမိုးရမယ်ဆိုတဲ့ပညာရေးစနစ်ပေါ့နော်။ ဒါကြောင့်လဲပဲ ပြည်သူလူထုတွေက လက်မခံလို့ မီဇိုရမ်ဘက် ထွက်ပြေးလာကြတာပေါ့” ဟု ခူမီးချင်းလူငယ်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော် AA သည် ပလက်ဝမြို့ကို ယခုနှစ်ဆန်းပိုင်းတွင် အလုံးစုံသိမ်းပိုက်အုပ်ချုပ်ခဲ့ပြီးနောက် လာမည့် ၂၀၂၅ ခုနှစ်တွင် အာရက္ခပညာရေးစနစ်ကို စတင်အကောင်အထည်ဖော်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု သိရသည်။   

ယခုကိစ္စနှင့်ပတ်သက်၍ အာရက္ခတပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...