ပလက်ဝမြို့နယ်က ဒေသခံကျောင်းဆရာမ တစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့သေဆုံးတယ်လို့ သိရ

ပလက်ဝမြို့နယ်က ဒေသခံကျောင်းဆရာမ တစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့သေဆုံးတယ်လို့ သိရ

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တောင်ယာသွားစဉ် မြေမြုပ်မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြေမြုပ်မိုင်းနင်းမိလို့ သေဆုံးသွားသူဟာ ဟားလာဝကျေးရွာနေ ကျောင်းဆရာမ ဒေါ်နိုင်နိုင်ဝင်းလို့ သိရပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းတောင်ယာသွားလမ်းမှာ မြေမြုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ဒဏ်ရာကြောင့် သွေးထွက်လွန်ပြီး နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ ဆုံးသွားတယ်လို့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ကျနော်တို့လည်း အဝေးကနေ သိရတာကတော့ မိုင်းနင်းမိလို့ သေဆုံးသူက ၂၈ နှစ်ဝန်းကျင်ရှိတဲ့ ကျောင်းဆရာမတစ်ဦးလို့ သိရတယ်၊ အိမ််ထောင်သည်အမျိုးသမီးလည်းဖြစ်တယ်လို့ သိရပါတယ်” လို့ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင််း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ ၁၀၀၃ ဦး အထိရှိခဲ့ပြီး မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် ကမ္ဘာမှာထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာတယ်လို့ မြေမြှုပ်မိုင်းလှုံ့ဆော်ရေးအဖွဲ့ ( ICBL) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

January 13, 2026
စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးအတွက်...
January 12, 2026
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဏာသိမ်းစစ်ကော်မရှင်က...
January 9, 2026
ပလက်ဝကောင်စီ ထိန်းချုပ်နယ်မြေအတွင်းက နေရာ (၈) နေရာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၊...
January 7, 2026
တစ်ချိန်မှာ လူသန်းပေါင်းများစွာကို စည်းလုံးစေမယ့် အသံလေးတစ်ခုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က...