ပလက်ဝမြို့နယ်က ဒေသခံကျောင်းဆရာမ တစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့သေဆုံးတယ်လို့ သိရ

ပလက်ဝမြို့နယ်က ဒေသခံကျောင်းဆရာမ တစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့သေဆုံးတယ်လို့ သိရ

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တောင်ယာသွားစဉ် မြေမြုပ်မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြေမြုပ်မိုင်းနင်းမိလို့ သေဆုံးသွားသူဟာ ဟားလာဝကျေးရွာနေ ကျောင်းဆရာမ ဒေါ်နိုင်နိုင်ဝင်းလို့ သိရပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းတောင်ယာသွားလမ်းမှာ မြေမြုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ဒဏ်ရာကြောင့် သွေးထွက်လွန်ပြီး နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ ဆုံးသွားတယ်လို့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ကျနော်တို့လည်း အဝေးကနေ သိရတာကတော့ မိုင်းနင်းမိလို့ သေဆုံးသူက ၂၈ နှစ်ဝန်းကျင်ရှိတဲ့ ကျောင်းဆရာမတစ်ဦးလို့ သိရတယ်၊ အိမ််ထောင်သည်အမျိုးသမီးလည်းဖြစ်တယ်လို့ သိရပါတယ်” လို့ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင််း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ ၁၀၀၃ ဦး အထိရှိခဲ့ပြီး မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် ကမ္ဘာမှာထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာတယ်လို့ မြေမြှုပ်မိုင်းလှုံ့ဆော်ရေးအဖွဲ့ ( ICBL) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

March 28, 2026
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်မှ စပြီး ယခုလအထိ ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်ရဲ့...
March 27, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊မတူပီမြို့နယ်က လောက်တူမျိုးနွယ်စု ဒေသအတွင်း ငါးဖမ်းခြင်းဆိုင်ရာ...
March 26, 2026
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဒါမှမဟုတ်...
March 25, 2026
တီးတိန်ခရိုင်အတွင်း အခြေပြု စစ်ရေးလှုပ်ရှားတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တခုဖြစ်တဲ့...