CDF – Matupi တပ်မဟာ – ၁ ရဲ့ အစည်းအဝေးကိုလာရောက်ခြင်းမရှိတဲ့ ကျေးရွာဒေသတချို့ကိုစားသောက်ကုန်ပစ္စည်းတချို့ ဖြတ်တောက်ထားတယ်လို့ CDF – Matupi တပ်မဟာ(၂) ပြော

CDF – Matupi တပ်မဟာ – ၁ ရဲ့ အစည်းအဝေးကိုလာရောက်ခြင်းမရှိတဲ့ ကျေးရွာဒေသတချို့ကိုစားသောက်ကုန်ပစ္စည်းတချို့ ဖြတ်တောက်ထားတယ်လို့ CDF – Matupi တပ်မဟာ(၂) ပြော

CDF – Matupi တပ်မဟာ – ၁ ရဲ့ မတူပီမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးလုပ်ငန်းတွေအတွက် အစည်းအဝေးခေါ်ယူတဲ့နေရာမှာ လာရောက်ခြင်းမရှိတဲ့ မတူပီမြို့နယ်က ကျေးရွာဒေသတချို့ကို အခြေခံစားသောက်ကုန်ပစ္စည်းတချို့ ဖြတ်တောက်ထားတယ်လို့ CDF – Matupi တပ်မဟာ (၂) ပြောရေးဆိုခွင့်ရှိသူ Ko Nai John Kim က ပြောပါတယ်။

CDF – Matupi တပ်မဟာ (၂) ပြောရေးဆိုခွင့်ရှိသူ Nai John Kim က “အုပ်ချုပ်ရေးမှာ သူတို့ CB တပ်မဟာ ၁ ကဘဲ လုပ်ပြီးမှ ကျနော်တို့ အများအားဖြင့် ပြည်သူရှိတဲ့နေရာတွေ ပြည်သူများတဲ့နေရာတွေက ဒေသခံတွေက အစည်းအဝေးကို မတက်ရောက်ဘူး CB ရဲ့အုပ်ချုပ်ရေးအောက်မှာ မနေချင်ဘူး။ သူတို့အုပ်ချုပ်မှုအောက်မှာ မနေချင်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူတွေက သူတို့ အစည်းအဝေးကို မတက်ရောက်နိုင်ဘူးပေါ့။ မတက်ရောက်နိုင်တဲ့ဟာတွေကို သူတို့က အဓိကပြောရရင် တပ်မဟာ ၂ ကို ထောက်ခံတဲ့အဖွဲ့တွေ ချင်းလဲန်းကောင်စီထောက်ခံတဲ့အဖွဲ့ဝင်တွေက အဲဒီအစည်းအဝေးကို လုံးဝမတက်ဘူး။ သူတို့ခေါ်ပေမယ့် အစည်းအဝေးကို မတက်ဘူး။ အဲဒါကို မင်းတို့ အစည်းအဝေးမတက်လို့ ငါတို့ကို မထောက်ခံလို့ဆိုပြီး စားနပ်ရိက္ခာတွေဖြတ်တောက်တာ” လို့ပြောပါတယ်။

CDF – Matupi တပ်မဟာ (၁) အနေနဲ့ Non – CDM ၊ လက်နက်ကိုင် (CB နဲ့မဟာမိတ်မှအပ)၊ အမည်ပျက်စာရင်းသွင်းသူတွေမှအပ ပိတ်ပင်ထားတာမရှိတဲ့အကြောင်း ချင်းညီနောင် CB ဖြစ်လို့ ပစ္စည်းလာမဝယ်တာ၊ ဆေးလာမကုတာ၊ မလာချင်တာကို ဖြတ်တောက်ပိတ်ဆို့တယ်လို့ ပြောလို့မရဘူးကြောင်း CDF – Matupi တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က ပြောပါတယ်။

CDF – Matupi တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က “CC ကြိုက်တာရှိသလို၊ CB ကြိုက်တာလည်းရှိပါတယ်။ ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးက ဘာကောင်စီနဲ့မှ သက်ဆိုင်ခြင်းမရှိပါဘူး။ မြို့ပေါ်ကနေ ကျန်းမာရေးစောင့်ရှောက်မှု လုပ်နေတာက ချင်းလဲန်းကောင်စီမကလို့၊ စစ်ကောင်စီစစ်သုံံ့ပန်းတွေပါ မခွဲခြားဘဲ ကျနော်တို့ ဆေးကုပါတယ်။ အခြေခံစားသောက်ကုန်တို့ အခြေခံ social Amenities တွေကို ပိတ်ပင်ထားတာမရှိပါဘူး၊ တဖက်က အပြောအဆိုတွေမှာ AA ရှိလို့ မလာရဲဘူးဆိုပြီး ဝါဒဖြန့်တယ်၊ တဖက်က AA ကို အခြေအမြစ်မရှိ ကြောက်အောင်ခြောက်လှန့်ပြီး မသွားရဲအောင် ခြိမ်းခြောက်တာမျိုးလုပ်နေသလား။ ကျနော်တို့ဘက်က Non – CDM နဲ့ လက်နက်ကိုင်ကလွဲရင် ဘယ်ပြည်သူလူထုမဆို လက်ကမ်းဖိတ်ခေါ်ပါတယ်၊ စာနဲ့လည်း ဖိတ်ခေါ်တယ်။ ဘာမှဖြတ်တောက်တာမရှိပါဘူး။ ကျနော်တို့ CB ဖြစ်နေလို့ဆိုပြီး ပစ္စည်းလာမဝယ်တာ၊ မလာချင်တာ၊ လာဆေးမကုတာကို ဖြတ်တောက်တယ်လို့ ပြောလို့မရဘူး” လို့ပြောပါတယ်။

စစ်ရေး၊ နိုင်ငံရေးအရ မဟုတ်ဘဲ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးပိုင်း ချိတ်ဆက်ဆောင်ရွက်ပေမယ့် လာရောက်ပူးပေါင်း မဆောင်ရွက်တဲ့ ကျေးရွာတချို့ ကွက်ပြီးကျန်နေတာမျိုးတော့ရှိပြီး ကျန်တဲ့ပြည်သူများနည်းတူ အဆင်ပြေအောင် စိတ်ရှည်ရှည်နဲ့ ဖိတ်ခေါ်သွားမယ်လို့ CDF – Matupi တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က ပြောပါတယ်။

မတူပီမြို့နယ်မှာ လက်ရှိကျေးရွာပေါင်း ၇၅ ရွာရှိတဲ့အထဲ ကျေးရွာ ၅၀ ကျော်က ဒေသခံပြည်သူတွေဟာ ချင်းလဲန်းကောင်စီကို ထောက်ခံတဲ့ အဖွဲ့အစည်းဖြစ်လို့ ဆီ၊ ဆား၊ ငါးပိ အဝတ်အစား စတာတွေ ဝယ်ယူလို့မရအောင် ဖြတ်တောက်တာဖြစ်ပြီး အခုလိုဖြတ်တောက်ထားတဲ့အတွက် ဒေသခံပြည်သူတွေဟာ အခြေခံစားသောက်ကုန်တွေကို ကုန်ကျစရိတ်ပိုကုန်ခံပြီး ဝယ်ယူနေရတယ်လို့ CDF – Matupi တပ်မဟာ (၂) ပြောရေးဆိုခွင့်ရှိသူ Nai John Kim က ပြောပါတယ်။

မတူပီမြို့ကို CDF- Matupi တပ်မဟာ ၁ ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့ (CB)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ICNCC နဲ့ CB ရဲ့ နိုင်ငံရေး၊ စစ်ရေး လမ်းစဉ်အတိုင်း အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လည်ပတ်နိုင်ဖို့မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြီးခဲ့တဲ့ ဇူလိုင်လ (၂၀) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

မတူပီမြို့နယ်မှာ CDF- Matupi တပ်မဟာ ၁ ဟာ ချင်းညီနောင်အဖွဲ့ (CB)အဖွဲ့ဝင်ဖြစ်ပြီး CDF- Matupi တပ်မဟာ ၂ ဟာ ချင်းအမျိုးသားတပ်ဦး(CNF/A) ဦးဆောင်တဲ့ Chinland Council အဖွဲ့ဝင်ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...