TNLA ထိန်းချုပ်နယ်မြေများအတွင်း ဗုံးကြဲခံရမှုတွေကြောင့် ရွေ့ပြောင်းကြဖို့ သတိပေးမှုတွေရှိနေ

TNLA ထိန်းချုပ်နယ်မြေများအတွင်း ဗုံးကြဲခံရမှုတွေကြောင့် ရွေ့ပြောင်းကြဖို့ သတိပေးမှုတွေရှိနေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလက်နက်ကိုင်တပ်ဖွဲ့  PSLF/TNLA ထိန်းချုပ်ထားတဲ့မြို့နယ်အတွင်းက ဒေသခံများကို တိမ်းရှောင်ရွှေ့ပြောင်းမှုများပြုလုပ်ကြဖို့  အခုရက်ပိုင်း အသိပေးဆော်သြမှုတွေ ရှိနေတယ််လို့ စုံစမ်းသိရပါတယ်။

 “သတင်းတွေကြားနေရတာ အရပ်သားတွေကို TNLA က ရွေ့ပြောင်းကြဖို့ ပြောတဲ့သတင်းတွေထွက်နေတယ်။ ဗမာစစ်တပ်ကလည်း အရပ်သားတွေကို ရွေ့ကြဖို့လည်းပြောဆိုနေတယ်။ ‘စစ်’ တွေက ဆက်ဖြစ်နေမယ့်အနေအထားပဲ။ အခြေအနေတွေက  စစ်အင်အားထပ်ဖြည့်တာတွေလည်း အများကြီး၊ TNLA ဘက်ကလည်း မိုးကုတ် ၊ ကျောက်မဲ ၊ မိုးမိတ် အဲ့ဘက်တွေကို တအားသွားနေတယ်။ စစ်ကကြီးကြီးကျယ်ကျယ် ဖြစ်လာနိုင်တယ်” လို့ ရှမ်းပြည်မြောက်ပိုင်းရှိ တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူတစ်ဦးက ပြောဆိုပါတယ်။

တအာင်းတပ်များ ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ ၊ မိုးမိတ်မြို့၊နောင်ချိုမြို့၊ကျောက်မဲမြို့တို့အပြင် ကျန်မြို့တွေမှာလည်း TNLA တပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား လာမယ့်လပိုင်းတွေမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားကာ ပြင်းထန်လာနိုင်တာကြောင့်  နှစ်ဖက်အဖွဲ့အစည်းဘက်မှ အခုလိုသတိပေးနေတာဖြစ်ကြောင်းဆိုပါတယ်။

TNLA နဲ့ စစ်ကောင်စီတပ်တို့ဟာ နောင်ချိုမြို့နယ် နှင့် ပြင်ဦးလွင်မြို့နယ် အစပ်တွေက ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေသလို မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ တပ်မတော်တန်းမြင့်သင်တန်းကျောင်း (တတက ၁၃) မှာ တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

မကြာသေးမီ နိုဝင်ဘာလ(၁၇) ရက်နေ့က ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့အတွင်းကို စစ်ကောင်စီတပ်ဖွဲ့များ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ(၅)ဦးဒဏ်ရာရခဲ့ပြီး အလားတူလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နိုဝင်ဘာ(၁၈)ရက်နေ့မှာလည်း ကွတ်ခိုင်မြို့အတွင်းမှာ ဒေသခံ(၃)ဦး သေဆုံးခဲ့တဲ့အပြင် (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသေးတယ်။

ဒီတိုက်ခိုက်မှုထဲ မိုင်းငေါ့မြို့က လူနေအိမ်ခြေ (၂၀) လုံးခန့် နဲ့ ကွတ်ခိုင်မြို့က နေအိမ်(၈)လုံးတို့ မီးလောင်ပျက်စီးခဲ့ကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ နှစ်ပတ်ကျော်အတွင်း TNLA ရဲ့ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၂၃ ဦး နဲ့ ထိခိုက်ဒဏ်ရာရသူ ၃၅ ဦးအထိရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...