ရွှေဝါရောင်ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီဖမ်းဆီး

ရွှေဝါရောင်ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီဖမ်းဆီး
စစ်ကောင်စီဖမ်းဆီးထားသည့် ဆရာတော်ဦးပညာဇောတ
စစ်ကောင်စီဖမ်းဆီးထားသည့် ဆရာတော်ဦးပညာဇောတ

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ  ဦးဆောင်ဆရာတော်တပါးဖြစ်သည့် ဦးပညာဇောတကို  စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဆရာတော်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက မဇ္ဈိမကို အတည်ပြုသည်။

ဆရာတော် ဦးပညာဇောတ(နတ်ဇော)ကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းကားဂိတ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့၊ ညနေပိုင်းက အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေးမြန်းစရာရှိ၍ လိုက်ခဲ့ရန် ပြောဆိုပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။

“၁၃ ရက်နေ့က ဖမ်းဆီးခံရတယ်။ စော်ဘွားကြီးကုန်းကားဂိတ်မှာ ဖမ်းသွားတာ။ နိုင်ငံရေးကိစ္စလာတာမဟုတ်ဘူး၊ သူ့ကျောင်းသိမ်သမုဒ်ပွဲကို ကျင်းပဖို့ လာတာ” ဟု ဖြစ်စဉ်ကို သိရှိထားသည့် ဆရာတော်နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

ဆရာတော်ဦးပညာဇောတသည် အမေရိကန် နိုင်ငံသား ခံယူထားသူဖြစ်ပြီး ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ဘုန်းကြီးကျောင်းတခုတွင် သိမ်သမုတ်ပွဲကို တက်ရောက်ရန် နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံသို့ ခေတ္တပြန်ကြွလာခြင်း ဖြစ်သည်။

ထို့နောက် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က ဆရာတော် ဦးပညာဇောတကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆရာတော်နှင့်အတူ ဒကာနှစ်ဦးလည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

“နောက်ဆုံးသိရတာ နတ်ဇောဆရာတော်နဲ့ ဒကာမဖြစ်တဲ့ ဒေါ်မြင့်မြင့်သိန်းကို ဖမ်းဆီးထားတယ်။ ဒကာမကိုတော့ ၁၆ ရက်နေ့က ဖမ်းတာ။ အခုကတော့ ဒေါ်မြင့်မြင့်သိန်းရဲ့ အမျိုးသားကိုလည်း ထပ်ဖမ်းဆီးတယ်လို့ သတင်းကြားတယ်။ အတည်ပြုလို့တော့ မရသေးဘူး” ဟု ရွှေဝါရောင်ဆရာတော် အရှင်ထာ၀ရက မဇ္ဈိမကို မိန့်သည်။

လက်ရှိတွင် ဆရာတော် ဦးပညာဇောတအပါအဝင် ဖမ်းဆီးခံထားသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ဆရာတော်အရှင်ထာ၀ရက ဆက်လက်မိန့်သည်။ ဆရာတော်ဖမ်းဆီးခံထားရကြောင်း အမေရိကန်သံရုံးကို စာပေးပို့အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း ဆရာတော်နှင့် နီးစပ်သူများက ပြောသည်။

ဆရာတော် ဦးပညာဇောတဖမ်းဆီးခံရမှုအပေါ်  မေးမြန်းနိုင်ရန် စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာနကို ဖုန်းဖြင့်ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

၂၀၀၇ ခုနှစ်က ရန်ကုန်မြို့  ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူ ဆရာတော် တပါးဖြစ်သည့် ဦးပညာဇောတသည် ဖမ်းဆီးမခံရခင်အချိန်အထိ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော် တပါးဖြစ်သည်။

ဓါတ်ပုံ - ကရင်နီ မယ်စဲ့အကျဉ်းထောင်မှ ထွက်ပြေးလာသည့် သုံ့ပန်း ၆၈ ဦး ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထိုင်းစစ်တပ်က မြန်မာထံ မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား မှ လွှဲပြောင်းပေးခဲ့သည်။
January 27, 2026
ဂျူချန်း — ကရင်နီပြည် မယ်စဲ့အကျဉ်းထောင်မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသည့်...
January 26, 2026
ဇာမဏီလင်းမောင် — ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) တွင် မြန်မာအမျိုးသား...
KNA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် (ပုံဟောင်း)
January 24, 2026
စစ်ကော်မရှင် တပ်မ (၂၂) တပ်မမှူးက မြဝတီမြို့ပေါ်မှ ကရင်နယ်အမျိုးသားတပ်မတော် (KNA) တပ်များ...
January 23, 2026
MTO — မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့်...