ဘန်ကောက်စခန်း လေကြောင်းတိုက်ခိုက်မှုမှာ အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးထိခိုက်ဒဏ်ရာရ

ဘန်ကောက်စခန်း လေကြောင်းတိုက်ခိုက်မှုမှာ အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးထိခိုက်ဒဏ်ရာရ
နိုဝင်ဘာလ ၁၈ ရက်နေ့ ၊ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်းများ။  (ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် ) )
နိုဝင်ဘာလ ၁၈ ရက်နေ့ ၊ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပြီး မြင်ကွင်းများ။ (ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် ) )

နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်မှာ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး တစ်ဦးသေဆုံးခဲ့သလို နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကန္တာရဝတီတိုင်း (မ်) ရဲ့ မြေပြင်သတင်းထောက်က ပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အသက် ၄၅နှစ်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးကတော့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ လူထိခိုက်သေဆုံးမှုအပြင် ဘုရားကျောင်း၊ စပါးကျီ၊ အိမ်စီးကား ၊ နေအိမ် ၁၀လုံးဝန်းကျင်လည်း ပျက်စီးခဲ့ရပါတယ်။

ဘန်ကောက်စစ်ရှောင်စခန်းမှာ ဖယ်ခုံမြို့နယ်အတွင်းက လာရောက်တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်တွေ အများဆုံးနေထိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ဘန်ကောက်စခန်းမှာနေထိုင်တဲ့ စစ်ဘေး‌ရှောင်အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို အခုလို ပြောပါတယ်။

“သူတို့(စစ်ကောင်စီ)က တရားဥပဒေ တအားမဲ့တယ် ဘန်ကောက်စစ်ဘေးရှောင်စခန်းမှာ ကျနော်တို့လာနေတယ်ဆိုတာက စစ်ဘေးရှောင်ကြတာ။ ဒါ မဖြစ်သင့်ဘူး အနိုင်ကျင့်တယ် လေယာဉ်နဲ့လာကြဲပြီးတော့မှ နောက်ထပ် လေယာဉ်နှစ်စီးနဲ့ ထပ်ကြဲသွားတယ်။ ကလေးတွေ မသေတာ ပိုဝမ်းသာပါတယ်။ ကျနော်တို့ပြည်သူလူထုကို အမျိုးပြတ်သတ်ချင်တာလား။ ဘာဖြစ်လို့ လာကြဲတာလဲ ဘန်ကောက်ကို တခါလည်းလာကြဲပြီးပြီ အခုတစ်ခေါက်လည်း လာကြဲတယ်။ ဘန်ကောက်ကို ဘာဖြစ်လို့ အငြိုးထားတာတုန်း။ သူတို့ကို ကျနော်တို့က ဘာလုပ်လို့လဲ။ ကျနော်တို့ ဒီမှာ စစ်ဘေးရှောင်တာ လှူဒါန်းထားတဲ့အိမ်တွေ ဆောက်ပေးတယ်။ ထပ်ပျက်တော့ ဘယ်မှာသွားနေရတော့မှာလဲ”လို့ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ စက်တင်ဘာလမှာ တစ်ကြိမ် ၊ နိုဝင်ဘာလမှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ရှိပြီဖြစ်ပြီး ကန္တာရဝတီတိုင်း (မ်) ‌ရဲ့ အချက်အလက်အရ အသက် ၁၅နှစ်အောက်ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၁၁ ယောက်ရှိပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ အရပ်ဖက်အဖွဲ့အစည်း ၃၀၀ ကျော်က ပြင်းပြင်းထန်ထန် ရှုတ်ချထားတာ ရှိပါတယ်။ အရပ်သားတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီကို ရပ်တန့်အောင် နည်းလမ်းမျိုးစုံနဲ့ အပြစ်ပေးအရေးယူနိုင်ဖို့၊ လေယာဉ်ဆီ၊ လက်နက်ခဲယမ်းရောင်းချနေခြင်းကို ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။

နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...