ရခိုင်တွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် (၁၀) လအတွင်း အမျိုးသမီး (၁၂၆)ဦးအပါအဝင် ၄၀၀ နီးပါးသေဆုံး

ရခိုင်တွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် (၁၀) လအတွင်း အမျိုးသမီး (၁၂၆)ဦးအပါအဝင် ၄၀၀ နီးပါးသေဆုံး

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် (၁၀)လအတွင်း အမျိုးသမီး (၁၂၆)ဦးနှင့်အမျိုးသား (၂၅၀)ဦး၊ စုစုပေါင်း ၃၇၆ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုစာရင်းမှာ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကောက်ယူထားသည့်စာရင်းဖြစ်သည်ဟု AAPP က ဆိုထားသည်။

အဆိုပါ (၃၇၆) ဦးအနက် (၁၅၉)ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့်အများဆုံးသေဆုံးခဲ့ပြီး (၁၀၉) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်ဒုတိယအများဆုံး သေဆုံးခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။

အဆိုပါသေဆုံးသူများအား အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၅၄) ဦး ပါဝင်သည်။

ထို့အပြင် အောက်တိုဘာလ ၃၀ ရက်နေ့တွင်ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မောင်းကျေးရွာနှင့်မီးချောင်းထိုးကျေးများကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မောင်းကျေးရွာနေ အသက် ၁၈ နှစ်အောက် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံငါးဦးမှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ကြောင်း AAPP ကဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၁ ရက်မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ယခုနှစ် နိုဝင်ဘာလ ၅ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၂၈) ဦးရှိခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင်မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၆၃၁)ဦးရှိပြီး ထိုအထဲမှ (၂၁၀၈၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၈၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည်အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီးမြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက်ပိုမိုများပြားနိုင်သည်ဟု ဆိုထားသည်။

July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...