နမ့်လန်မြို့ ကိုးကန့်တပ် ရှော့တိုက်ဒုံး ပစ်ခတ်မှု ကလေး ၂ ဦး ဒဏ်ရာရ

နမ့်လန်မြို့ ကိုးကန့်တပ် ရှော့တိုက်ဒုံး ပစ်ခတ်မှု ကလေး ၂ ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်လန်မြို့ကို ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)၊ နေ့လယ်ပိုင်းက ကိုးကန့်တပ် MNDAA ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရာ ရပ်ကွက် အတွင်းရှိ လူနေအိမ်ကို ထိမှန်သဖြင့် ကလေး ၂ ဦး ဒဏ်ရာရရှိသွားကြောင်း မြို့ခံများက ပြောသည်။

သျှမ်းတောင်နှင့် သျှမ်းမြောက် နယ်စပ်ရှိ နမ့်လန်မြို့ ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ရာ ကောင်းလန်း တောင်ရပ်ကွက်၊ ရေကန်အနီး နေအိမ် ထိမှန်၍ ကလေး ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားသဖြင့် ဆေးရုံသို့ တင်ပို့ ကုသနေရကြောင်းမြို့ခံ တစ်ဦးက ဆိုသည်။

“တောင်ရေကန်ကြီးနားကအိမ် ထိတာ။ စစ်ပွဲ စတော့မလား မသိဘူး။ သျှမ်းတပ် ရှိနေတော့ စစ်ပွဲ မဖြစ်ဘူးလို့တော့ ထင်တာပဲ။ ရှောင်ပြေးတာမျိုးတော့ မရှိသေးပါဘူး။ ဓာတ်ဆီတော့ ဝယ်ထားရတာပေါ့” ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ကာလတွင် သျှမ်းတောင်သို့ စစ်မီးကူးစက်မည်ကို စိုးရိမ်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် သျှမ်းတပ် SSPP က နမ့်လန်မြို့တွင်း ဝင်ရောက်နေရာယူထားသည်။

ယင်းသို့ SSPP က ဝင်ရောက်နေရာယူထားသော်လည်း စစ်ကောင်စီတပ်က လားရှိုးမြို့ ထိုးစစ် အတွက် နမ့်လန်ကို အခြေပြု၍ စစ်အင်အား ဖြည့်တင်းနေသဖြင့် လက်ရှိ စစ်ရေးတင်းမာနေရာက ကိုးကန့်တပ်က ယခုကဲ့သို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလ ဩဂုတ်လ ၁၆ ရက်နေ့ကလည်း နမ့်လန်မြို့ကို လက်နက်ကြီး ကျရောက်ရာ နေအိမ်ထိခိုက် ပျက်စီးမှုများ ရှိခဲ့ပြီး ဖုန်းလိုင်းများ ြပတ်တောက်ခဲ့ကြောင်း၊ လက်ရှိ ဖုန်းလိုင်းများ ပြတ်တောက်မှု မရှိသော်လည်း စစ်ဖြစ်မည်ကို စိုးရိမ်ကြောင်း မြို့ခံများက ပြောသည်။

လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...
April 21, 2026
သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ...