ပင်လောင်းမြို့နယ် တိုက်ပွဲဖြစ်ပွားသောရွာများ မီးရှို့ ဖျက်ဆီးခံရ

ပင်လောင်းမြို့နယ် တိုက်ပွဲဖြစ်ပွားသောရွာများ မီးရှို့ ဖျက်ဆီးခံရ
ပင်လောင်းမြို့ မီးရှို့ခံရသည့် နေအိမ် ပုံဟောင်း
ပင်လောင်းမြို့ မီးရှို့ခံရသည့် နေအိမ် ပုံဟောင်း

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိကျေးရွားသည် တိုက်ပွဲများဖြစ်ပွားပြီး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရဿည်။

ပင်လောင်း နှင့် ဖယ်ခုံနယ်စပ်တွင်တည်ရှိသော ကျေးရွာများတွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ တော်လှန်ရေးအင်အားစု PDF တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထိုနယ်စပ်ရှိ ပင်လောင်းနယ်စပ်တွင်းရှိသော ဟိုဝိုး၊လွယ်ကျိုင်း၊ လင်ခံကျေးရွာများကို ( နိုဝင်ဘာလ ၁ ရက် ) တွင် နှစ်ဖက်တိုက်ပွဲများကြောင့် နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ပင်လောင်းမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာကို မီးရှို့ခံရတာက ၃ ရက်လောက်ရှိပြီ။ ခုက  ရွာတိုင်းကလူတွေကလည်း အဝေးကနေပဲ မြင်နေရတာလေ အသေအချာအသေးစိတ်လည်း မသိရဘူး။ လက်နက်ကိုင်တွေလည်း ရှိတော့ ဘယ်အဖွဲ့လုပ်တယ်ဆိုတာကို  သေချာမပြောနိုင်ဘူး။ တချို့ဒေသခံတွေ အနေနဲ့ကြတော့ အိမ်ပြန်ဖို့ မရှိတော့ဘူးပေါ့” ဟု ၎င်းက ဆိုသည်။

ထိုမီးရှို့ဖျက်ဆီးခံရသော ရွာများသည် ပင်လောင်းမြို့နှင့် မိုင်၂၈ ကျော် အကွာတွင် တည်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၃၁ ရက်)တွင် ဗန်းမောက်ရွာရှိ ပြည်သူများ ထော်လာဂျီ၊ နှင့် စစ်ဘေးရှောင်ရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်မှ ဒရုန်းဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် မိန်းကလေးငယ်တစ်ဦး အပါအဝင် စစ်ဘေးရှောင် နှစ်ဦး သေဆုံးသွားပြီး (၇)ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

 

ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အကြားရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတို့ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ယခုလက်ရှိ ပင်လောင်းမြို့နယ် သျှမ်း-ကရင်နီနယ်စပ် နမ့်ဖာမူ ဖက်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစု PDF တို့ တိုက်ပွဲ ပြင်းထန်နေလျှက် ရှိသည်။

Most read this week

January 28, 2026
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို...
January 27, 2026
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန်...
January 26, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့်...
January 24, 2026
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့်...