ရေဘေးသင့် ကရင်နီပြည်သူများကို ပြန်လည်နေရာချထားရေးအတွက် အမေရိကန်ဒေါ်လာ ၇သန်း ကျော် လိုအပ်

ရေဘေးသင့် ကရင်နီပြည်သူများကို ပြန်လည်နေရာချထားရေးအတွက် အမေရိကန်ဒေါ်လာ ၇သန်း ကျော် လိုအပ်

ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနတို့ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းများ ၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့တို့နဲ့ ပူးပေါင်းပြီး ကရင်နီရေဘေးသင့်ဒေသတွေအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပေမယ့် လက်ရှိအချိန်ထိ အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ IEC က ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

IEC ရဲ့ ထုတ်ပြန်ချက်အရ စစ်ဘေးနဲ့ သဘာဝဘေးဒဏ်ခံစားနေရတဲ့ ပြည်သူ တစ်သိန်းခွဲ အတွက် တလတာ စားနပ်ရိက္ခာလိုအပ်ချက်၊ သဘာဝဘေးကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေ (၁၉၄၇)လုံးအတွက် ပြန်လည်ထူထောင်ဖို့ လိုအပ်ချက်၊ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေ (၁၀၈၆၇) ဧကကို ပြန်လည်ကုစားဖို့ လိုအပ်ချက်တွေအပြင် သဘာဝဘေးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ မိသားစု (၁၉၄၇) စုအတွက် အိမ်အသုံးအဆောင်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လိုအပ်နေတာပါ။

ဒီအတွက် အမေရိကန်ဒေါ်လာ ၇ သန်း ကျော် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပေမယ့် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ရေဘေးသင့် စစ်ရှောင်တွေကို အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ပြန်လည် ထူထောင်ရေးတွေကတော့ လုပ်နေပြီ။ တဲတွေ ဘာတွေ ပြန်ဆောက်နေပြီပေါ့နော်။ အမိုးအကာတွေကတော့ တချို့ရတာတွေ ရှိနေပေမယ့် တခြားသော အကူအညီကတော့ အခုထိလိုအပ်နေတယ်။”လို့ ရေဘေးသင့် စစ်ရှောင်တွေကို အကူအညီပေးနေသူ တစ်ဦးကပြောပါတယ်။

IEC စာရင်းအရ စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ဖယ်ခုံမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ နန်းမယ်ခုံမြို့နယ်၊ ဒီးဘောင်းခူမြို့နယ်၊ ဒီးမော့ဆို(အရှေ့) မြို့နယ်၊ ဟိုယာ မြို့နယ်၊ ဘောလခဲ မြို့နယ်၊ မော်ချီးဒေသ ၊ ဆိုမို/ဖရေဆိုးလေး(ရှားတော) မြို့နယ်၊ မယ်စဲ့မြို့နယ်စတဲ့ မြို့နယ် (၁၀) မြို့နယ်မှာ ရှိကြတဲ့ စစ်ဘေးရှောင်စခန်း (၁၆)ခု နဲ့ကျေးရွာပေါင်း (၅၄) ရွာဟာ ရေဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

ရေဘေးကြောင့် တောင်သူတွေရဲ့ စိုက်ပျိုးမြေဧက ၁ သောင်းကျော် ပျက်စီးခဲ့ပြီး မိသားစုအိမ်ခြေ နှစ်ထောင်နီးပါးလည်း ပြန်လည်ထူထောင်ဖို့ လိုအပ်နေတာပါ။ စက်တင်ဘာလအတွင်းက ရာဂီမုန်တိုင်းအရှိန်ကြောင့် ကရင်နီပြည် နေရာဒေသအနှံ့မှာ ရေကြီးရေလျှံမှုတွေ ၊ မြေပြိုမှုတွေ ၊ လမ်းတံတား ပျက်စီးမှုတွေ ၊ ကျေးရွာနေအိမ် ရေလွမ်းမိုးမှုတွေ ၊ ဒေသခံတွေရဲ့ စိုက်ပျိုးသီးနှံတွေ ပျက်စီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...