ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၀၀ ကျော် အရေပြားရောဂါ ဖြစ်ပွားနေ

ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၀၀ ကျော် အရေပြားရောဂါ ဖြစ်ပွားနေ

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ မလုံလောက်တာကြောင့် နိုင်ငံရေးအကျဉ်းသူတွေမှာ အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ နိုင် ငံရေးအကျဉ်းသူများအဖွဲ့ WOPP ထံက သိရပါတယ်။

ဒိုက်ဦးအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမအပတ်ကစပြီး ရေကန်သုံးကန်ရှိတဲ့အ ထဲမှ နှစ်ကန်ဟာ ရေလုံးဝမရှိတော့ဘဲ လက်ရှိအသုံးပြုနေတဲ့ ရေကန်မှာလည်း သန့်ရှင်းမှုမရှိဘဲ ကြေးနီအရောင်ရှိတဲ့ ရေတွေကိုအသုံးပြုနေရပါတယ်။

ဒါကြောင့် နေ့စဉ်အိမ်သာတက်ရာမှာပင် အခက်အခဲများစွာရှိနေပြီး ရေမသန့်ရှင်းမှုရဲ့ နောက်ဆက် တွဲအနေနဲ့ နိုင်ငံရေးအကျဉ်းသူ ၁၀၀ ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အရေပြားရောဂါဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျဉ်းသူတွေမှာ ဆေးဝါးလုံလောက်မှု မရှိတဲ့အပြင် ထောင်တွင်းမှာ ဘာရောဂါဖြစ်ဖြစ် ပါရာစီတမောဆေးတစ်မျိုးနဲ့ သက်တမ်းကုန်နေတဲ့ ကာလာစုံဆေးမျိုးကိုသာ ပေးနေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မဇူးဇူးမေယွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလိုကာလမျိုးမှာ ဒိုက်ဦးထောင်မှာ သောက်သုံးရေကစ မလုံလောက်တာအပြင် စားသောက်နေထိုင်မှုတွေကလည်း သန့်ရှင်းမှုမရှိတာကြောင့် အရေပြားရောဂါအပြင် တခြားကျန်းမာရေးနဲ့ပတ် သက်တဲ့ရောဂါတွေပါ ဆိုးဝါးဝါးခံစားနေရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါအပြင် လူဦးရေ ၅၀ ဝန်းကျင်သာဆန့်တဲ့ အခန်းတွေမှာ လူဦးရေ ၈၀ ဝန်းကျင် ပြည့်ကျပ်စွာ ထားရှိထားတာကြောင့် အရေပြားရောဂါမှာ နေ့စဉ်ပိုမိုဆိုးဝါးလာနေပါတယ်။

အရေပြားရောဂါဖြစ်ပွားနေပေမယ့် အကျဉ်းဦးစီးဌာနဘက်က လုံလောက်တဲ့ ဆေးဝါးစောင့် ရှောက် မှု မပေးတဲ့အပြင် မိသားစုဝင်တွေပေးပို့တဲ့ ဆေးဝါးတွေကိုလည်း ပိတ်ပင်ကန့်သတ်တာတွေ ပြု လုပ်နေတယ်လို့ ဆိုပါတယ်။

လူတစ်ယောက် အသက်ရှင်နေထိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ရေမရှိခြင်းဟာ ဒိုက်ဦးထောင်ရှိ နိုင်ငံရေးအကျဉ်းသူတွေအတွက် လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခံနေရတယ်လို့ WOPP က ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေမှာ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေရှိနေပြီး သောက်သုံးရေ ပြဿနာကြောင့် သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသူတွေ ရှိလာပါက အဓိကတာဝန်ယူရမှာဟာ ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်သာဖြစ်တယ်လို့ WOPP က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ မတရားအာဏာ သိမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇,၅၆၃ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Most read this week

ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...