ကရင်နီပြည်မှာ မိုင်းကြောင့် အရပ်သား ထိခိုက်မှု (၁၀၀) ဝန်းကျင်ရှိနေ

ကရင်နီပြည်မှာ မိုင်းကြောင့် အရပ်သား ထိခိုက်မှု (၁၀၀) ဝန်းကျင်ရှိနေ

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့် ထိခိုက်မှု၊ သေဆုံးမှု (၁၀၀) ဝန်းကျင်အထိ ရှိလာနေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC) ရဲ့ စာရင်းအရ သိရှိရပါတယ်။

ဒါဟာ လက်လှမ်းမှီသမျှ စာရင်းတွေသာဖြစ်တယ်လို့ IEC ရဲ့ အတွင်းရေးမှုး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဘာဖြစ်လို့ အဲလိုပြောလဲဆိုတော့ တချို့ကိစ္စတွေက နောက်မှ ကျနော်တို့ ပြန်သိရတာတွေ အများကြီးရှိတယ်။ တချို့ရွာတွေကနေ ထပ်ဆင့် ဟိုသွားဒီသွား။ လက်လှမ်းမမှီတဲ့ဟာတွေ နောက်ပိုင်းပြန်သွားတော့ ပြန်ပေါ်လာတယ်ပေါ့နော်။ ထိခိုက်ဒဏ်ရာရတဲ့ စာရင်းတွေ ၊ သေဆုံးတဲ့ စာရင်းတွေက တဖြည်းဖြည်းတိုးလာတယ်ပေါ့။ အဲတော့ အရင်တုန်းက လန့်စရာလဲကောင်းတဲ့ဟာက (၆၀) ဝန်းကျင်ရှိတယ်။ နောက်မှ ပြန်ထိတဲ့ဟာနဲ့ ပြန်ပေါင်းလိုက်တော့ ထိခိုက်ဒဏ်ရာက (၆၀) ကျော် (၇၀) ကျော် သွားတာပေါ့နော်။ ပြီးတော့သေဆုံးတဲ့သူကလည်း (၁၀) ကျော် (၂၀) ဝန်းကျင်ဆိုတော့ အားလုံးပေါင်းတော့ (၁၀၀) ဝန်းကျင်‌လောက်ရှိတယ်လို့ ပြောလို့ရတယ်” လို့ ဦးဗညားက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့သူတွေ အများစုမှာ (၁၄) မိုင်းကြောင့် ဖြစ်တယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

မိုင်းက အန္တရာယ်ရှိပြီး အသက်ဆုံးရှုံးစေနိုင်တာကြောင့် နေရပ်ပြန်တာနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေမှာ သတိထားသွားလာကြဖို့ IEC က သတိပေးထားတာ ရှိပါတယ်။

“မိုင်းက ဘယ်လောက်ထိ အန္တာရာယ်ရှိလဲဆို လူတွေကို ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲဆိုရင် ခြေလက်အင်္ဂါတွေ ဆုံးရှုံးမယ်။ အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးနိုင်တယ်။” လို့ မိုင်းရှင်းလင်းရေး ဆောင်ရွက်နေတဲ့ ဗိုလ်နေတိုးက ပြောပါတယ်။

စစ်ကောင်စီတပ်စွဲခဲ့ဖူးတဲ့နေရာတွေနဲ့ ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေကို အများဆုံး မြင်တွေ့ရတတ်ပါတယ်။

အရပ်သားပြည်သူတွေဟာ စစ်ကောင်စီ ပြန်လည်ဆုတ်ခွာပြီး မိမိနေအိမ်ကို ပြန်ကြည့်တဲ့အချိန်တွေနဲ့ စားဝတ်နေရေးအတွက် သီးနှံတွေ ပြန်လည်စိုက်ပျိုးတာတွေကြောင့် မိုင်းအန္တာရာယ်နဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
Photo credit - Bangkok Post
December 2, 2025
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ထိစပ်နေတဲ့ သံလွင်မြစ်တစ်လျှောက်က စောင့်ကြည့်ရေးနေရာ ၁၃...
December 1, 2025
နိုဝင်ဘာလအတွင်းမှာ ကရင်နီပြည်ရဲ့ မြောက်ပိုင်းအရပ်ကနေ တောင်ပိုင်းအရပ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊...