အမ်း နပခဌာနချုပ်လက်အောက်မှ ခမရ ၃၇၃ အပါအဝင် အရေးပါသောစစ်ရေးနေရာတချို့ကို စစ်ကောင်စီ ထပ်မံလက်လွှတ်ဆုံးရဟု သတင်းများထွက်ပေါ် လာ

အမ်း နပခဌာနချုပ်လက်အောက်မှ ခမရ ၃၇၃ အပါအဝင် အရေးပါသောစစ်ရေးနေရာတချို့ကို စစ်ကောင်စီ ထပ်မံလက်လွှတ်ဆုံးရဟု သတင်းများထွက်ပေါ် လာ

စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော စစ်ရေးနေရာတချို့ကို ထပ်မံလက်လွှတ်ဆုံးရှုံးလိုက်ရသည်ဟု ဒေသအတွင်း သတင်းများထွက်ပေါ်နေသည်။

စစ်ကောင်စီသည် မြေပြင်အင်အား အများအပြား အပါအဝင် လေကြောင်းကိုပါ အသုံးပြုပြီး ခုခံကာကွယ်နေသည့်ကြားက အမ်းမြို့မှ အရေးပါသည့် အမြောက်ကုန်း ကမ်းဒိတ်တောင်နှင့် ခမရ (၃၇၃) ကို လက်လွှတ်လိုက်ရပြီဟု  ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

" တပ်တော်က  ကမ်းဒိတ်တောင်ကို အရင်သိမ်းပြီးမှ ခမရ ၃၇၃ ကို သိမ်းတယ်လို့ ကြားရပါတယ်။ သိမ်းတာက ဟုတ်ပါတယ်။ ဒီကနေ့ ညနေပိုင်းမှာ ပွဲပြတ်သွားပြီလို့ ကြားရပါတယ်။ အပြန်အလှန် ပစ်ခတ်တဲ့ လက်နက်ငယ်သံ မကြားရတော့ဘူး။ နေ့လယ်ကလည်း ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတယ်။  ညအချိန် သတင်းကိုကြားရတယ် ။၃၇၃ ကိုသိမ်းထားပြီလို့။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တချို့ လက်နက်ချတယ်။ တချို့လေကြောင်းရန်ကာကွယ်ရေးတပ်ကို ထွက်ပြေးပြီး ပူးပေါင်း နေကြတယ်လို့ ကြားရပါတယ်။ "

နပခဌာနချုပ်နဲ့ခမရ ၃၇၃တပ်ရင်းသည် ၅ မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး နောက်ဆုတ်သွားသော စစ်သားများသည် လေကြောင်းရန်ကာကွယ်ရေးတပ်နှင့် စရဖတပ်တွင် သွားရောက် ပူးပေါင်း နေသည်ဟု ဆိုသည်။

၎င်းခမရ (၃၇၃) အား အာရက္ခတပ်တော်မှ မဲတောင်ဗျူဟာကုန်းအား သိမ်းပြီးနောက် အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်ရာ အောက်တိုဘာ ၁၁ ရက်နေ့ ညနေတွင် သိမ်းပိုက် ရရှိခဲ့သည် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အလားတူ ခမရ (၃၇၃) တောင်ကြောနှင့် တဆက်တည်းတည်ရှိသည့် အမြင့်ဆုံး တောင်ကြော တစ်ခုဖြစ်သည့် ကမ်းဒိတ်တောင် လက်နက်ကြီး အထိုင်စခန်းကိုလည်း ခမရ (၃၇၃) ကို မသိမ်းမီ  အောက်တိုဘာ ၁၁ ရက်နေ့လယ် ၂ နာရီကျော်ကတည်းက အေအေ သိမ်းပိုက် လိုက်ပြီဟု ကြားသိရကြောင်း ၎င်းက ပြောကြားသည်။

ယခုခမရ (၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသည့် စစ်ရေးအချက်အချာနေရာများအား AAက သိမ်းပိုက်ခြင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်မှုကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ညနေ ၄ နာရီကျော်တွင် မဲလမောင်း အလယ်တန်းကျောင်းကို ဗုံးကြဲ၍ ကျောင်းဆောင်များ ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် လေကြောင်းရန် ကာကွယ်ရေးတပ်ထဲရှိ  တောင်ကို ဥမင်လှိုင်ဂူဖောက်ထားကာ ယင်းအထဲကနေ၍ AA၏ ထိုးစစ်ကို ခုခံနိုင်ရန်အတွက် အသင့် ပြင်ဆင် ထားသည်ဟုလည်း တပ်တွင်းသတင်းရင်းမြစ်များအရ သိရသည်။

 စစ်ကောင်စီတပ်အတွင်း အချင်းချင်း စိတ်ဝမ်းကွဲကာ စစ်သားအများစုမှာလည်း စိတ်ဓာတ်ကျနေပြီး စစ်တိုက်လိုစိတ်ကင်းမဲ့နေကြသဖြင့် အမ်းမြို့ အခြေစိုက်နပခဌာနချုပ်လည်း များမကြာမီ AA လက်ထဲကို ကျရောက်သွားနိုင်သည်ဟု ဒေသအတွင်း စစ်ရေးလေ့လာ အကဲခတ်နေသူများက ပြောကြားသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...