ရေဘေးသင့် ဖုံသာချောင်းဒေသတွင် ငှက်ဖျားနှင့် ဝမ်းရောဂါ အဖြစ်များနေ

ရေဘေးသင့် ဖုံသာချောင်းဒေသတွင် ငှက်ဖျားနှင့် ဝမ်းရောဂါ အဖြစ်များနေ

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသက ရေဘေးသင့်ကျေးရွာများတွင် ငှက်ဖျားရောဂါ နှင့် ဝမ်းရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

သောက်သုံးရေ မသန့်ရှင်းခြင်း၊ ပတ်ဝန်းကျင် မသန့်ရှင်းခြင်းနှင့်အတူ ခြင်ပေါက်ဖွားမှုများပြားခြင်း၊ ခြင်‌ထောင်လုံလောက်မှုမရှိခြင်းတို့ကြောင့် ငှက်ဖျားနှင့် ဝမ်းရောဂါဖြစ်ပွားသူ ၄၀၀ နီးပါးရှိနေသည်။

“ ငှက်ဖျား၊ ဝမ်းရောဂါအပြင် အရေးပြားရောဂါ ဖြစ်ပွားနေကြတာတွေ ရှိတယ်။ တစ်ရွာမှာ အနည်းဆုံး လူ ၂၀၊ ၃၀ လောက် ရောဂါဖြစ်ပွားနေတာ တွေ့ရတယ်” ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဒု - ဥက္ကဌ ကိုမြတ်လင်းထွန်းက ပြောသည်။  

ပြီးခဲ့သည့် စက်တင်ဘာအအတွင်း မိုးရွာသွန်းမှုနှင့် ရေကြီးမှုကြောင့် ဖုံသာချောင်းဒေသတွင် ကျေးရွာပေါင်း ၁၃ ရွာမှ နေအိမ် ၂၀၀ ကျော် ပျက်စီးသွားပြီး ဒေသခံ ၁,၀၀၀ ကျော် ရေဘေးသင့်ခဲ့ရသည်။

ပျက်စီးနေအိမ်များအား ပြန်လည်ဆောက်လုပ်ရန် ခက်ခဲနေဆဲဖြစ်ကာ ကူညီထောက်ပံ့မှုလည်း နည်းပါးနေ၍ စားဝတ်နေရေး၊ နေထိုင်ရေးနှင့် ကျန်းမာရေး စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ဖုံသာချောင်းဒေသသည် ဝေးလံခေါင်ဖျားဒေသဖြစ်၍ လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲများကြောင့် လာရောက်ကူညီထောက်ပံ့မှုလည်း နည်းပါးသည်။  

“ တချို့ရွာတွေဆိုရင် အိမ်တွေအကုန်လုံး ရေနဲ့မျှောပါသွားတယ်။ အိမ်ပါသွားတော့ အကုန်လုံး ဆုံးရှုံးသွားသလို ဖြစ်ကြရတယ်။ အဖွဲ့အစည်းတွေက စားနပ်ရိက္ခာထောက်ပံ့ပေးတယ် ဆိုပေမဲ့ လုံလောက်မှုမရှိဘူး။ လိုအပ်ချက်တွေက အများကြီးရှိနေသေးတယ်” ဟု မင်းပြားလူငယ်များအစည်းအရုံးမှ ဒါရိုက်တာ ကိုမင်းနိုင်စိုးက ပြောသည်။  

ဖုံသာချောင်းဒေသတွင် ချင်းတိုင်းရင်းသား အများစုနေထိုင်ကြပြီး တောင်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကြပြီး ရေကြီးမှုကြောင့် ဆုံးရှုံးနစ်နာသွားကာ ဘဝရပ်တည်ရေး စိန်ခေါ်မှုများ ရှိနေကြသည်။

ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...