သန်းခေါင်စာရင်းကောက်သူတွေကို ထိထိရောက်ရောက် အရေးယူမည်

သန်းခေါင်စာရင်းကောက်သူတွေကို ထိထိရောက်ရောက် အရေးယူမည်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်း‌ကောက်ယူရာတွင် ပါဝင်ကူညီသူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က ပြောသည်။

ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်သွားမည်ဖြစ်သလို ပူးပေါင်းပါဝင်သူများကိုလည်း ထိထိရောက်ရောက်အရေးယူသွားမည်ဟု စက်တင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

“အသက်အန္တရာယ်မစိုးရိမ်ရတဲ့ အပြစ်ပေးအရေးယူမှုမျိုးပါခင်ဗျာ။ ပထမတစ်ချက်က ဖုန်းဖြစ်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း သတိပေးမှာပါ။ ရပ်တန့်မှုမရှိရင် ဒီထက်ပိုထိရောက်တဲ့ အရေးယူမှုမျိုးလုပ်မှာပါ” ဟု DDT တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဂဠုန်မင်းလတ်က ပြောသည်။

လက်ရှိတွင် DDT အနေဖြင့် သန်းခေါင်စာရင်းကောက်ယူမည့်သူများစာရင်းကိုရရှိထားပြီး နောက်ကွယ်တွင် ခိုင်းစေသူများကိုလည်း ဆက်လက်စုံစမ်းနေကြောင်း ပြောသည်။

ထားဝယ်မြို့ခံတစ်ဦးကလည်း “ မြို့ပေါ်က နေရာတချို့မှာ မြို့ဝင်စစ်ဆေးရေးဂိတ်တချို့မှာ အင်အားတိုးပြီး လုံခြုံရေးတင်းကြပ်ထားတယ်။ နေ့ရော၊ ညပါ ဒရုန်းတွေ မြို့ပေါ်မှာ လွှတ်တင်ထားသေးတယ်။ အဓိကကတော့ မြို့ပေါ်မှာ သူတို့ သန်းခေါင်စာရင်းကောက်တဲ့အချိန် တော်လှန်ရေးတပ်ဖွဲ့တွေ လာလှုပ်ရှားလို့ မရအောင်ဖြစ်မယ်” ဟု ပြောသည်။

စစ်ကောင်စီက သန်းခေါင်စာရင်းကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒီနေ့အောက်တိုဘာလ ၁ ရက်နေ့က စတင်ကောက်ခံနေသည်။

သန်းခေါင်စာရင်း စကောက်သည့်နေ့တွင် မြို့ပေါ်ရပ်ကွက်များ၌သာ ကောက်ခံနိုင်ပြီး သန်းခေါင်စာရင်းကောက်ခံသည့်အဖွဲ့ကိုလည်း စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်တို့က လုံခြုံရေးပေးကာ ကောက်ခံနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေးအတွက် သန်းခေါင်စာရင်းကောက်ခံခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)
August 31, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ၂၀ ကျော်မှ အိမ်ခြေ ၆,၀၀၀ ခန့်...
August 31, 2026
စစ်အုပ်စုတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ပေါ်ပေါက်လာသည့် စစ်မှုထမ်းကြေး ကောက်ခံမှုသည် မွန်နှင့် ကရင်...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...