သံတွဲ လေကြောင်းဗုံးကြဲမှု ကလေးအပါအဝင် သုံးဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

သံတွဲ လေကြောင်းဗုံးကြဲမှု ကလေးအပါအဝင် သုံးဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ပေါက်တူးကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး၊ သုံးဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ပေါက်တူးကျေးရွာကို စက်တင်ဘာ ၂၂ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချမှုကြောင့် ထိခိုက်သေဆုံးသွားခြင်းဖြစ်သည်။

“ရွာမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘဲ ဗုံးကြဲချတာ။ ဒဏ်ရာရထားတဲ့ လူတွေကို နီးစပ်ရာဆေးခန်းမှာ ကုထားတယ်။ ဒဏ်ရာကတော့ နည်းနည်းပြင်းတယ်” ဟု သံတွဲ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဗုံးကြဲမှုကြောင့် မောင်ရာဇာမင်း (၉ နှစ်)၊ ဦးဇော်မင်းထွန်း (၃၉ နှစ်)နှင့် ဒေါ်ခင်သူဇာနိုင် (၃၅ နှစ်) တို့ သေဆုံးသွားပြီး၊ မောင်ရာဇာထွန်း (၁၅ နှစ်)၊ ဒေါ်ညိုအေး (၅၅ နှစ်)နှင့် ဒေါ်ငွေဇင်ကျော် (၃၉ နှစ်) တို့ ဒဏ်ရာရရှိသွားသည်။

သေဆုံးသွားသူများမှာ မိသားစုတစ်ခုတည်းဖြစ်ပြီး ဒဏ်ရာရရှိသူ မောင်ရာဇာထွန်းသည်လည်း သေဆုံးသူ ဦးဇော်မင်းထွန်း၏ သားဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ ဆေးကုသမှု ခံယူနေသော်လည်း လက်လုပ်လက်စားများဖြစ်၍ ဆေးကုသစရိတ်နှင့် စားဝတ်နေရေးအတွက် အကူအညီများ လိုအပ်နေသည်။

သံတွဲမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားသော်လည်း စစ်ကောင်စီသည် အရပ်သားနေထိုင်ရာ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်။

“တိုက်ပွဲဧရိယာမဟုတ်ဘဲ အရပ်သားကို ဦးတည်တိုက်ခိုက်တယ်ဆိုတာက စစ်ရာဇဝတ်မှုကို စစ်တပ်က ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်” ဟု သံတွဲမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

စက်တင်ဘာ ၃ ရက်ကလည်း သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ရခိုင်တိုက်ပွဲ ၁၀ လအတွင်း စစ်‌ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ မြေမြှုပ်မိုင်းတို့ကြောင့် အရပ်သား သေဆုံးဒဏ်ရာရသူ ၁,၃၈၀ ဦးရှိကြောင်း DMG ၏ စာရင်းပြုစုချက်အရ သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...