ပြန်လည်ထူထောင်ရေး ခက်ခဲနေသည့် ကျောက်တော်အထက်ပိုင်းက ဒေသခံများ

ပြန်လည်ထူထောင်ရေး ခက်ခဲနေသည့် ကျောက်တော်အထက်ပိုင်းက ဒေသခံများ

ရခိုင်ပြည်၊ ကျောက်တော်မြို့အထက်ပိုင်း ကုလားတန်မြစ်ကြောင်းတလျှောက်ရှိ  တင်းမ၊ ပြိုင်းတိုင်း၊ မာလာ စသည့် ကျေးရွာများမှ ဒေသခံများမှာ ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။

၂၀၂၀ တိုက်ပွဲကာလအတွင်း ယင်းကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်နေထိုင်ပြီး ရွာသားများကို ဖမ်းဆီးမှုခဲ့မှုကြောင့် ဒေသခံများမှာ ကျောက်တော်မြို့နှင့် အခြားနေရာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်များလည်း ဖျက်ဆီးခံလိုက်ရသည်။

“အခုလက်ရှိကတော့ စစ်ဘေးရှောင်စခန်းကပါလာတဲ့ တာပေါ်လိပ်စတွေနဲ့ မိုးပြီးတော့ အိမ်တွေ ပြုပြင်ထားတယ်။ တောင်ပေါ်တက်ပြီးတော့လည်း ဝါးမခုတ်ရဲဘူး။ ရှိတာလေးနဲ့ ဆောက်ပြီးတော့ နေနေရတယ်” ဟု တင်းမကျေးရွာမှ ဒေါ်မလှသိန်းက ပြောသည်။

၎င်းတို့မှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျောက်တော်မြို့နယ်ကို AA သိမ်းပိုက်ပြီးနောက် နေရပ်ပြန်ခွင့် ရခဲ့ကြသော်လည်း လက်ရှိစစ်ရေးကာလ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများစွာကို ဖြတ်သန်းနေကြရသည်။

ယခင်ကပိုင်ဆိုင်ခဲ့သည့် ကျွဲ၊ နွားများမှာလည်း ပျောက်ဆုံးသွားမှုများကြောင့် တောင်ယာ၊ လယ်ယာလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ မလုပ်ကိုင်နိုင်တော့ကြောင်း ဒေသခံများက ပြောသည်။

ပြိုင်းတိုင်းကျေးရွာမှ ဦးကျော်လှထွန်းက “ကျွဲတွေ၊ နွားတွေလည်း မရှိတော့ဘူး။ လယ်တွေကလည်း အကုန်လုံး တောထူသွားတဲ့အတွက် ရှင်းလင်းပြီးတော့ မလုပ်နိုင်တော့ဘူး။ အဲဒါကြောင့် လယ်လည်း မလုပ်နိုင်တော့ဘူး။ အခုက NGO အဖွဲ့အစည်းတွေက ထောက်ပံ့တဲ့ငွေလေးနဲ့ လောက်ငှအောင် စားသောက်နေရတယ်” ဟု ဆိုသည်။

လက်ရှိတွင် NGO အဖွဲ့အစည်းအချို့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသော်လည်း လုံလောက်မှု မရှိကြပေ။

 

တစ်ဖက်တွင်လည်း ဒေသခံများ လုပ်ကိုင်စားသောက်မည့်နေရာများတွင် မိုင်းရှင်းလင်းရေး မလုပ်ရသေးသဖြင့် တောတောင်ကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုရသည့်သူများအတွက် မိုင်းအန္တရာယ်ကို စိုးရိမ်နေရသည်။

“စစ်ကောင်စီက အဓိကတပ်စွဲခဲ့တဲ့ နေရာတွေဖြစ်တာကြောင့် မိုင်းအန္တရာယ် စိုးရိမ်ရတယ်။ တောင်ယာသွားရင်း မိုင်းထိမှာကို စိုးရိမ်ရတယ်။ မိုင်းအသိပညာပေးတာတွေတော့ ရှိတယ်။ ဒါပေမယ့် အသိပညာပေးရုံနဲ့ မလုံလောက်ဘူး။ လက်တွေ့ကျကျ မိုင်းရှင်းပေးဖို့ လိုအပ်တယ်” ဟု မာလာကျေးရွာမှ ဦးမောင်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက တင်းမ၊ ပြိုင်းတိုင်း၊ မာလာ၊ မီးဝ ကျေးရွာနှင့် တောင်ရှည်တောင် အနီးတစ်ဝိုက်တွင် ရက်ပေါင်း ၄၀ ကျော်ကြာမြင့်သည့် အပြင်းထန်ဆုံးသော တိုက်ပွဲများဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ပျက်စီးနေအိမ်များကို ကိုယ်ထူကိုယ်ထပြုပြင်ပြီး နေထိုင်နေကြသော်လည်း စားဝတ်နေရေး၊ ကျန်းမာရေး၊ ပြန်လည်တည်ဆောက်ရေး စသည့် ကဏ္ဍအသီးသီးတွင် အကူအညီအထောက်အပံ့များ လိုအပ်နေဆဲဖြစ်သည်။

March 6, 2026
စစ်တွေမြို့တွင် တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစု...
အီရန်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် အဘူဒါဘီမြို့ တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- Reuters
March 5, 2026
ယခု အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲကာလအတွင်း...
March 4, 2026
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စားဝတ်နေရေးကျပ်တည်းမှုနှင့်...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေကြသည့် မိသားစုဝင်အချို့။ ဓာတ်ပုံ - ကျောက်တော်လူငယ်များအစည်းအရုံး (KTYA)
March 2, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု...