ဆိုမိုဖေစိုးလေးမြို့နယ် (ရှားတော) မှာ ရေကြီးမှုကြောင့် နေအိမ် ၃၀ ထက်မနည်း ရေနဲ့မျောပါပြီး နှမ်းခင်းဧက ၁၀၀၀နီးပါးပျက်စီးခဲ့

ဆိုမိုဖေစိုးလေးမြို့နယ် (ရှားတော) မှာ ရေကြီးမှုကြောင့် နေအိမ် ၃၀ ထက်မနည်း ရေနဲ့မျောပါပြီး နှမ်းခင်းဧက ၁၀၀၀နီးပါးပျက်စီးခဲ့

ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က  ရေကြီးမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃၀ ထက်မနည်း ရေနဲ့မျောပါသွားခဲ့သလို နှမ်းခင်းဧက ၁၀၀၀ နီးပါးပျက်စီးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့က ပွန်ချောင်းရွာ ၊ ဆုဖဲလောရွာ နဲ့ နော်ပလုရွာ တွေမှာ  ရေကြီးမှု ဖြစ်ပွားခဲ့ပြီး နေအိမ် အများစု ရေနှစ်မြှုပ်ခဲ့တဲ့ နေအိမ် ၃၀ ဝန်းကျင် ရေနှင့်မျှောပါသွားခဲ့တယ်လို့ ဆိုပါတယ်။

မျောပါသွားတဲ့နေအိမ်တွေထဲ ပွန်ချောင်းကျေးရွာမှ ၁၈ အိမ် ၊ ဆုဖဲလော ကျေးရွာမှ ၁၂အိမ် ရေမျောပါသွားတာဖြစ်ပြီး နော်ပလုကျေးရွာကိုတော့ သွားလာလို့ မရသေးတာကြောင့် အပျက်စီးကို မသိရှိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ကစလို့ ရေပြန်ကျသွားပြီဆိုပေမယ့် အမှိုက်သရိုက် နဲ့ လက်ကျန်ရေတွေကြောင့် သွားလာလို့ အဆင်မပြေသေးဘူးလို့ သိရပါတယ်။

နေအိမ် ဆုံးရှုံးမှုအပြင် ကျေးရွာသူ/သားတွေ စိုက်ပျိုးထားတဲ့ နှမ်းခင်းဧက ၁၀၀၀ နီးပါးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ ပွန်ချောင်းက ၂၀၇ ဧက ၊ ဆုဖဲလော က ၆၉၁ ဧက ကျန်နဲ့ နော်ပလု နဲ့ သေးလဲရွာက နှမ်းခင်းအပျက်အစီး မသိရသေးဘူး။ အဲ့ကို မရောက်ရသေးလို့ ဟိုတစ်ရက်က သွားကြည့်တာ ကားဖြတ်လို့မရသေးဘူး သူတို့ဟာလည်း တော်တော်တော်ပျက်စီးတယ် နှမ်းခင်းတွေ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိတွင် ဒေသခံကတော့ မိမိတို့နေအိမ်ကို သန့်ရှင်းရေးပြန်လုပ်ကြတာပေမယ့် ပြန်လည်နေထိုင်တာ မရှိသေးပါဘူး။

ဒါ့အပြင် နေအိမ်ရေထဲမျှောပါသွားကာ နေအိမ်မဲ့နေတဲ့ ဒေသခံတွေအတွက် အကူအညီလိုအပ်နေတယ်လို့လည်း အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“ ဆန် ၊ ဆီ ၊ ဆား အခြေံခံစားသောက်ကုန်တွေပေါ့နော်။ ပြီးတော့ အိမ်မရှိတော့တဲ့သူတွေအတွက်က မိုးကာတွေလိုအပ်မယ်။ ပြီးတော့ပွန်ချောင်းက စစ်ဘေးရှောင်အနေနဲ့နေတယ်။ စစ်ရှောင်က တဲရော ရွာထဲက အိမ်ရောပါသွားတဲ့သူတွေရှိတယ် စစ်ရှောင်မှာဖွင့်ထားတဲ့ စာသင်ကျောင်းလဲ ရေထဲပါသွားတယ်ပေါ့နော်” လို့ သူက ပြောပါတယ်။

စက်တင်ဘာလ ဒုတိယပတ်က မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ပွန်ချောင်းရေကြီးလာတာကြောင့် ဒေသခံတွေရဲ့ နေအိမ် ၊ နှမ်းခင်း အပါအဝင် သွားလာရေးအတွက် အားထားရတဲ့ ပွန်ချောင်းတံတားလည်း ရေတိုက်စားမှုကြောင့် ပျက်စီးမှုရှိခဲ့ပါတယ်။

April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...