ချင်းပြည်နယ်မှာ ဟားခါးမြို့ကလွဲရင် ကျန်တဲ့ ၈ မြို့နယ်မှာ ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ခံရတာ ၃ နှစ်ကျော်လာ

ချင်းပြည်နယ်မှာ ဟားခါးမြို့ကလွဲရင် ကျန်တဲ့ ၈ မြို့နယ်မှာ ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ခံရတာ ၃ နှစ်ကျော်လာ

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ ဟားခါးမြို့ကလွဲရင် ကျန်တဲ့ (၈)မြို့နယ်မှာ ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ခံရတာ သုံးနှစ်ကျော်လာတဲ့အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ ကိစ္စတွေမှာ အခက်အခဲကြုံတွေ့နေရတယ်လို့ချင်းပြည်နယ်က ဒေသခံတွေကပြောပါတယ်။   

ချင်းပြည်နယ်မှာ ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ခံရတဲ့ မြို့နယ်တွေက ဖလမ်း ၊တီးတိန်၊တွန်းဇံ၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ နဲ့ မတူပီမြို့နယ်တွေဖြစ်ပြီး  အဲဒီထဲမှာ ပလက်ဝမြို့နယ်ကတော့ ၂၀၁၈ ခုနှစ်ကတည်းက အင်တာနက်လိုင်း ဖြတ်တောက်ခံထားရကာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။

တီးတိန်မြို့နယ်က ဒေသခံတစ်ဦးပြောတာက “ ဟားခါးမြို့ကလွဲရင်  ဖလမ်းတို့ တီးတိန်တို့ ကျန်တဲ့မြို့အားလုံးမှာ ဖုန်းနဲ့အင်တာနက်လိုင်းသုံးမရတာ အာဏာသိမ်းပြီးနောက်ပိုင်း အခုထိမရသေးဘူး။ တီးတိန်မြို့ဆိုရင် ဖုန်းလိုင်းတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရတယ် အင်တာနက်လိုင်းတော့မရဘူး ဒါပေမယ့် Cable လိုင်းတွေနဲ့ အင်တာနက်သုံးလို့ရတယ် တီးတိန်မြို့သိမ်းတိုက်ပွဲနောက်ပိုင်း ဖုန်းလိုင်းတွေလည်း အဖြတ်ခံရတယ် နောက်ပိုင်း အော်ရီဒူးလိုင်းက မရတချက် ရတချက်နဲ့တော့ လက်ရှိအနေထားပေါ့” လို့ပြောပါတယ်။

ဟားခါးမြို့မှာတော့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို MPT ကဒ်၊ Atom ကဒ် တွေနဲ့ အသုံးပြုလို့ရပေမယ့် ကျန်တဲ့မြို့နယ်တချို့မှာ  ဖုန်းလိုင်းသာ ရရှိပြီး မိုဘိုင်းအင်တာနက်မရရှိတာကြောင့်  Internet cable  လိုင်းကို အဓိကထား အသုံးပြုနေကြရပါတယ်။

အသံ - Athan အဖွဲ့ရဲ့ သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံတဝန်း ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်ခံရတဲ့ မြိုနယ်ပေါင်း ၉၂ မြို့နယ်ထဲမှာ ချင်းပြည်နယ်က ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ တီးတိန်၊ ထန်တလန်၊ တွန်းဇံ၊ ဖလမ်း စတဲ့ မြို့နယ်တွေမှာ ပါဝင်နေပါတယ်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်နဲ့ နေရာအချို့မှာ Starlink ဖြင့် အင်တာနက်လိုင်းကို အသုံးပြုကြသလို နယ်စပ်မြို့တွေက ဒေသခံတွေဟာလည်း အိန္ဒိယ ဖုန်းကဒ်ဖြင့် အင်တာနက်၊ ဖုန်းလိုင်းတွေ အသုံးပြုနေကြရတယ်လို့ သိရပါတယ်။

March 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာစက်သုံးဆီ အလုအယက် ဝယ်ယူနေကြကာ စက်သုံးဆီဈေးနှုန်းတွေ...
March 4, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ၎င်းတပ်ဖွဲ့ဝင်တွေကို Y...
March 4, 2026
Chin resistance forces have been confiscating equipment connected to the Starlink internet...
March 2, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ တပ်သားစုဆောင်းရာမှာ ဝေဖန်သံတွေ အွန်လိုင်းပေါ်ရောက်မှာ...