မောင်တော နခခ (၅) မကျဆုံးရေး စစ်ကောင်စီ အပြင်းအထန်ခုခံ

မောင်တော နခခ (၅) မကျဆုံးရေး စစ်ကောင်စီ အပြင်းအထန်ခုခံ

ရခိုင်ပြည်၊ မောင်တောမြို့တွင် အာရက္ခတပ်တော် (AA) သိမ်းပိုက်ရန် တစ်ခုတည်းကျန်ရှိနေသည့် မြို့အဝင်လမ်းရှိ မြို့သူကြီး နခခ (၅) တပ်ရင်း မကျဆုံးစေရေး အပြင်းအထန် ခုခံနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီသည် နခခ (၅) မကျစေရေးအတွက် လေကြောင်းမှ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီနေ့ မနက်ခြောက်နာရီလောက်က အေအေဘက်က နခခ (၅) ကို လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲဖို့လာတာကို အေအေက လှမ်းပစ်သေးတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နခခ (၅) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ မွတ်ဆလင်လက်နက်ကိုင် ARSA၊ ARA၊ RSO အဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်း မွတ်ဆလင် စုစုပေါင်းအင်အား ၄၀၀ ခန့်ရှိကြောင်း သတင်းရင်းမြစ်များက ခန့်မှန်းကြသည်။

၎င်းတို့သည် နခခ (၅) ရှိ ဆက်သွယ်ရေး တူးမြောင်း၊ ကာကင်းစခန်းနှင့် ကတုတ်ကျင်းများထဲ ပုန်းခိုကာ AA တပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“စစ်ကောင်စီဘက်က စစ်လက်နက်အသစ် အမျိုးအစားတွေကို လေကြောင်းက ဖြည့်တင်းပေးနေတာတွေ ရှိတယ်။ ပြီးတော့ မြေအောက်ခန်းတွေမှာ ပုန်းအောင်းပြီး အလစ်အငိုက်ကို ချောင်းပစ်တာတွေ လုပ်နေတယ်။ တိုက်ပွဲက တစ်ရက်ထက်တစ်ရက် ပြင်းလာနေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် မောင်တောမြို့ကို လက်မလွှတ်ရရေး စစ်သင်တန်းဆင်း မွတ်ဆလင်များ အပါအဝင် ARSA၊ ARA၊ RSO များနှင့် ပူးပေါင်းခုခံနေခြင်းဖြစ်သည်။ ရခိုင်မြောက်ပိုင်းတွင် စစ်တွေကလွဲပြီး မောင်တောတစ်မြို့တည်းသာ ကျရှိတော့သည့် အနေအထားဖြစ်သည်။

“မောင်တောကို စစ်ကောင်စီက လွယ်လွယ်နောက်ဆုတ်မှာ မဟုတ်ဘူးမြင်တယ်။ အဓိက နယ်စပ်ကုန်သွယ်ရေးဇုန် ရှိနေတာကြောင့်ဖြစ်တယ်။ နောက်ပြီး မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ ပူးပေါင်းခုခံပြီး လူမျိုးရေးပဋိပက္ခလည်း ဖန်းတီးလို့ရတော့ စစ်ကောင်စီက အားသာတယ်။ ဒီအပေါ်မှာ AA ဘက်ကလည်း တကယ့်ခက်ခက်ခဲခဲတိုက်ရတဲ့ ပုံစံမြင်ရတယ်” ဟု ဘူးသီးတောင်ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက နခခ (၅) မှ စစ်ကောင်စီတပ်သား ၅၀၀ ခန့် တပ်ဆုတ်ပြေးခဲ့သည်။ ယင်းနောက် ကျန်ရှိနေသေးသည့် စစ်ကောင်စီနှင့် အပေါင်းအပါများကို လက်နက်ချအညံ့ခံကြရန် AA က ဩဂုတ်လအတွင်း သတိပေးခဲ့သည်။

မောင်တောမြို့ကို လက်မလွှတ်စေရေးအတွက် စစ်ကောင်စီက လေကြောင်းကို အဓိကထား ပစ်ခတ်လျက်ရှိပြီး အာရက္ခတပ်တော် (AA) ကလည်း အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...