ဗျိုင်းဖြူရွာသား ၉၃ ဦးကို ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချ

ဗျိုင်းဖြူရွာသား ၉၃ ဦးကို ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချ

စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူကျေးရွာမှ ဒေသခံ ၉၃ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် စစ်တွေအကျဉ်းထောင်တရားရုံးမှ ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

ဗျိုင်းဖြူရွာသား ၉၇ ဦးကို  စက်တက်ဘာလ ၆ ရက်နေ့ အမိန့်ချရာတွင် ၄ ဦးကိုလွှတ်ပေးပြီ ၉၃ ဦးကို ထောင်ချလိုက်ခြင်းဖြစ် သည်။

လွတ်မြောက်လာသူများမှာ မိုးဇော်နိုင်၊ လှထွန်းဦး၊ စိုးချေ၊ ဦးဉာဏ်ချမ်းတို့ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်ကလည်း ဗျိုင်းဖြူကျေးရွာသား ၁၄၁ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နှင့် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် ၅၀၀ ကျပ်စီ အသီးသီးချမှတ်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်ကောင်စီနှင့် အပေါင်းအပါများသည် ဗျိုင်းဖြူကျေးရွာသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး လူ ၈၀ နီးပါးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ကျေးရွာသား ၃၀၀ ခန့်ကို  ဖမ်းဆီးသွားခဲ့သည်။

ယင်းအထဲမှ တချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ၂၃၄ ဦးကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မ ၁၇(၁)၊ ရာဇဝတ်မှု ဥပဒေပုဒ်မ ၁၈၈ တို့ဖြင့် ထောင်ချလိုက်၍ ဗျိုင်းဖြူရွာသားများအမှုမှာ ယနေ့ ပြီးပြတ်သွားပြီဖြစ်သည်။

ဗျိုင်းဖြူရွာသားများမှာ AA ဆက်စပ်ခြင်းမရှိဘဲ စစ်ကောင်စီ၏ မတရားထောင်ချခြင်းကို ခံရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောဆိုကြသည်။

စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...