ဂွမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

ဂွမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်၊ ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား နှစ်ဖက်တိုက်ပွဲမှာ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဆားချက်ရွာ၊ ကိုင်းခုံရွာနှင့် ဂန့်ဂေါ်ကျွန်းဆည် အနီးတို့တွင် စက်တင်ဘာ ၄ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေကြပြီး စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ တို့ဖြင့် ပူးပေါင်းခုခံနေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။

“ဒီနေ့ ဂန့်ဂေါ်ကျွန်းဆည်ဖက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စစ်ကောင်စီက လေကြောင်းနဲ့ ရေကြောင်းကနေ ပစ်ကူပေးပြီး အပြင်းအထန် ခုခံနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ကိုင်းခုံကျေးရွာအနီး ချောင်းတစ်ဖက်ကမ်းရှိ ကုလားပြင်ကျေးရွာတွင် စစ်ကောင်စီက ခံစစ်ပြင်ဆင်ပြီး ဂွမြို့အခြေစိုက် ခမရ (၅၆၂) တပ်ရင်းမှ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ထားသည်။

ဂွမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် ဩဂုတ် ၁၀ ရက်မှစကာ စစ်ကောင်စီက စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူမှုကို တင်းကျပ်ထား၍ ဒေသခံများမှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရသည်။

“တိုက်ပွဲကလည်း တစ်လနီးပါးအထိ ကြာမြင့်လာပြီ။ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုကလည်း တော်တော်လေး သက်ရောက်မှုရှိလာတယ်။ အထူးသဖြင့် စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာနဲ့ အနီးတဝိုက် ကျေးရွာတွေက ဒေသခံတွေဆိုရင် ပိုပြီး အဲဒီဒဏ်ကို ခံနေကြရတယ်” ဟု ဂွမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဂွမြို့နယ်တွင် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည့် ဒေသခံ ၃၀,၀၀၀ နှင့်အထက်ရှိပြီး  အများစုမှာ ဧရာဝတီနှင့် ရက်ကုန်ဖက်တို့တွင် စစ်ဘေးတိမ်းရှောင်နေကြသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA တို့ကြား နှစ်ဖက်တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ပြင်းထန်နေမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေပြီး မာန်အောင်မြို့နယ်တစ်ခုတည်း၌သာ တိုက်ပွဲဖြစ်ပွားမှု မရှိသေးခြင်း ဖြစ်သည်။

စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk
June 6, 2026
ရခိုင်ပြည်၊ စစ်တွေမြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများသည်...
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...
ယခုနှစ်အစောပိုင်းက တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံများ ထွက်ပြေးကြစဉ်။ ဓာတ်ပုံ - ဇင်ချောင်းလူငယ်ပရဟိတအသင်း။
June 4, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်တန်း အနီးတစ်ဝိုက်တွင် နေထိုင်နေကြသော ကျောက်ဖြူမြို့နယ်က...
AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...