စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ထားတဲ့ မြန်မာ-တရုတ် နယ်စပ်က ကန်ပိုက်တီအထက်တန်းကျောင်း ပြန်ဖွင့်

စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ထားတဲ့ မြန်မာ-တရုတ် နယ်စပ်က ကန်ပိုက်တီအထက်တန်းကျောင်း ပြန်ဖွင့်

ကချင်ပြည်နယ်၊ တရုတ်နယ်စပ်၊ ကန်ပိုက်တီမြို့က စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ထားတဲ့ အထက်တန်းကျောင်း ပြန်ဖွင့်နေပြီဖြစ်ပြီး ၁၁ တန်းအထိ သင်ကြားပေးနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ကန်ပိုက်တီ အထက်တန်းကျောင်းဖွင့်တာ တစ်လနီးပါးရှိနေပြီဖြစ်ပြီး ဆဒုံးမြို့က ကျောင်းသူ/သားတွေလည်း လာတက်ကြတယ်လို့ ကန်ပိုက်တီဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဆဒုံးကကလေးတွေလည်း တက်ကြတယ်။ ဆဒုံးကဆရာမတွေလည်း ပေါင်းလိုက်တယ်။ ကျောင်းဝင်းထဲက အဆောင်မှာပဲ နေကြတယ်လေ။ ဆရာမတွေနဲ့ နားနေဆောင် အခန်းလွတ်တွေ အများကြီးရှိတယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ကန်ပိုက်တီအထက်တန်းကျောင်းကို စစ်ရေးအခြေအနေအရ ယာယီပိတ်ထားပြီး ဇူလိုင်လ ၂၂ရက်နေ့မှာ ကျောင်းပြန်လည်ဖွင့်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆဒုံး-ကန်ပိုက်တီတစ်လျှောက်က ဝေါချုံး၊ဝေမော်၊စင်ကြိုင်နဲ့ ကန်ပိုက်တီက ကျောင်းတွေ ပြန်ဖွင့်နေပေမဲ့ ရာနှုန်းပြည့် မလည်ပတ်နိုင်သေးဘူးလို့ နောက်ထပ် ကန်ပိုက်တီဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ရေးအခြေအနေကြောင့် ကန်ပိုက်တီအထက်တန်းကျောင်းက ကျောင်းဆရာ/မတွေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးနောက် ကျောင်းအုပ်ကြီးက ယာယီကျောင်းပိတ်ဖို့ ပညာရေးမှူးရုံးကို စာတင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ကျောင်းပိတ်ထားတာ တစ်လနီးပါးကြာလာတဲ့အတွက် ကျောင်းပြန်ဖွင့်ဖို့ ဒေသခံတွေနဲ့ ရပ်ရွာလူကြီးတွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ စာတင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအထက်ဘက် ဆဒုံး-ကန်ပိုက်တီလမ်းတစ်ကြောမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ကန်ပိုက်တီအထက်တန်းကျောင်းကို ယာယီပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ထလာထုကျေးရွာတွင် ရေဘေးဖြစ်ပွားခဲ့စဉ်။
May 2, 2026
ရေဘေးသင့်မှုကြောင့် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်ဘက် ပြောင်းရွှေ့လာကြတဲ့ ပန်နန်းဒင်မြို့နယ်၊...
May 1, 2026
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာအနီးမှာ အသတ်ခံထားရတဲ့...
April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...