ရှမ်းပြည်တောင်ပိုင်းမှာ အိမ်ငှားခဈေး ပိုမြင့်လာတာကြောင့် ကရင်နီစစ်ဘေးရှောင်တွေ အခက်တွေ့

ရှမ်းပြည်တောင်ပိုင်းမှာ အိမ်ငှားခဈေး ပိုမြင့်လာတာကြောင့် ကရင်နီစစ်ဘေးရှောင်တွေ အခက်တွေ့

ရှမ်းပြည်နယ်တောင်ပိုင်းဒေသရှိမြို့နယ်များတွင်  စစ်ရှောင်ဘေးရှောင်များ ထပ်မံရောက်ရှိလာခြင်းကြောင့် အိမ်ငှားရမ်းခဈေးနှုန်းတွေဟာ  ယခင်ကထက် ပိုများလာကာ ကရင်နီစစ်ဘေးရှောင်တွေဟာ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲကြောင့်  ရှမ်းမြောက်စစ်ရှောင်လူထုတွေဟာ တောင်ကြီးမြို့နဲ့ ရှမ်းတောင်ပိုင်းက မြို့နယ်တွေမှာ လာရောက်တိမ်းရှောင်ကြတယ်လို့ သိရပါတယ်။

“ ခုက လာရှိုးဖက်က စစ်ရှောင်တွေလည်း ရောက်လာတော့ ငွေ ပိုပေးမယ့် သူ ထား မယ့် ပုံစံဖြစ်နေပြီ။ ဒီမှာက အနည်းဆုံး ၆ လ ၊ တစ်နှစ် ချုပ် ရတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး” လို့ တောင်ကြီးမြို့မှာ စစ်ဘေးရှောင်နေတဲ့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ကရင်နီစစ်ဘေးရှောင်တွေကတော့ ၁ လေးလုံးစစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းက  ညောင်ရွှေမြို့၊ အင်လေးကန် ၊ အေးသာယာမြို့နဲ့ တောင်ကြီးမြို့ရှိ  ဘုန်းကြီးကျောင်းတွေမှာ လာရောက်တိမ်းရှောင် ခိုလှုံနေထိုင်ကြတာဖြစ်ပါတယ်။

ထိုမြို့နယ်တွေက အိမ်ငှားခတွေဟာ တစ်လကျပ် နှစ်သိန်းနဲ့ ငှားရမ်းခဲ့ရပေမယ့် လက်ရှိမှာ ကျပ်သုံးသိန်းအထိ အိမ်ရှင်တွေက တိုးတောင်းနေလို့ ကရင်နီဒေသတွေက စစ်ဘေးရှောင်တွေက အခက်အခဲဖြစ်နေကြတာလို့ ဆိုပါတယ်။

“ခုက ပြန်စရာအိမ်လည်း မရှိတော့ဘူး ။ အရင်နေခဲ့တဲ့ ဘုန်းကြီးကျောင်းကလည်း လက်မခံ ၊ အိမ်ငှားခကတော့ ၆လစာ ပေးထားလိုက်ပေမဲ့ အခြားကုန်စျေးနှုန်း အားလုံး တက်နေတော့လည်း စိတ်ဓါတ်တွေပါ ကျလာရော” လို့ လွိုင်ကော်စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှ ရှမ်းပြည်တောင်ပိုင်းကို စစ်ရှောင်လာသူတွေထဲက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေထိုင်သူတွေဟာ  ထောက်ပံ့ကူညီမှု အနည်းငယ်ရရှိပေမယ့် အိမ်ငှားနေထိုင်သူတွေတော့လုံးဝမရရှိကြကြောင်း စစ်ဘေးရှောင်တွေကဆိုပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပေမယ့် အိမ်ငှားခဈေးမြင့်တက်လာမှု နဲ့ ကုန်ဈေးနှုန်းမြင့်တက်လာမှုတွေကြောင့် လွိုင်ကော်စစ်ဘေးရှောင်အများစုဟာ နေရပ်ပြန်လာမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

Most read this week

Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...